ခြံစည်းရိုးကာတာကို တားမြစ်လို့ ဖမ်းခံလိုက်ရတဲ့ ရွာသားများ ပြန်လွှတ်

0:00 / 0:00

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ ကြေးနီစီမံကိန်းနားက ဝက်မှေးရွာအနောက်ဘက်ရှိ အစိုးရထံက မြေ ယာလျော်ကြေး လက်ခံမထားတဲ့ လယ်တွေကို ဗုဒ္ဓဟူးနေ့ မနေ့က မနက် ၅ နာရီလောက်မှာ သက်ဆိုင်ရာက ရဲတပ်ဖွဲ့အင်အားသုံးပြီး ခြံစည်းရိုး ကာရံခဲ့ပါတယ်။

အဲဒီလိုကာရံတာကို သွားရောက်တားမြစ် လို့ဖမ်းဆီးခံလိုက်ရတဲ့ ဒေသခံရွာသား ၈ ယောက်ကို အာဏာပိုင်တွေက ညပိုင်းမှာ ပြန်လွှတ်ပေးလိုက် ပြီ ဖြစ်ပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်းက RFA ကို အခုလိုပြောပါတယ်။

“ဘာကြောင့် ပြန်လွှတ်ပေးလိုက်တာလဲဆိုတော့ ကျမတို့က ကိုယ့်မြေယာကိုယ် ကာကွယ်ရင်းရဲ့ တရားဥပဒေမဲ့ အဖမ်းခံခဲ့ရတဲ့အတွက်၊ ကျမတို့က ဥပဒေကို ဘာတစ်ခုမှ ချိုးဖောက်ခဲ့တာ မရှိတဲ့အတွက် သူတို့ဥပဒေနဲ့ မညီတဲ့အတွက် ကျမတို့ကို ပြန်လွှတ်ပေးတာ”

တရုတ်ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးကာတဲ့အထဲမှာ ဝက်မှေးရွာသားတွေရဲ့ လယ်မြေဧက ထက်ဝက်နီးပါး ပါဝင်နေလို့တားမြစ်တဲ့ မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်း၊ မမိစိန် ၊ မရီချို ၊ မဆယ်တင်နဲ့ ကိုမြင့်နိုင်ဝင်း အပါအဝင် ၈ ဦးကို ရဲတပ်ဖွဲ့က တစ်ရက်တာ ဖမ်းဆီးထိမ်းသိမ်းလိုက်ပြီး၊ ခြံစည်းရိုးကို ဆက်ကာခဲ့တယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ ထိမ်းသိမ်းခံရပြီးပြန်လွတ်လာတဲ့ ဝက်မှေးရွာသူ မသွဲ့သွဲ့ ဝင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။