ပြဿနာဖြစ်ပွားခဲ့တဲ့ လူကြီးမင်းဖုန်းဆိုင် သတင်းစာရှင်းလင်းပွဲလုပ်

လူကြီးမင်းဖုန်းဆိုင်ရဲ့ ဆိုင်ခွဲ ၁၁ ဆိုင်မှာ မနေ့က ပြုလုပ်ခဲ့တဲ့ ကံစမ်းမဲအစီအစဉ်ကို ဖျက်သိမ်းလိုက်တာကြောင့် အချို့နေရာတွေမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး Park Royal ဟိုတယ်မှာ ဒီကနေ့ မနက်ပိုင်းက သတင်းစာရှင်းလင်းပွဲ တစ်ခုပြုလုပ်ခဲ့ပါတယ်။

2012.11.04
လူကြီးမင်းဖုန်းဆိုင်က ကံစမ်းမဲပြုလုပ်မယ့်အစီအစဉ် လက်ကမ်းကြော်ငြာကို လသာမြို့နယ်မှာနေထိုင်သူတစ်ဦးက ပြသနေစဉ်
Photo: RFA/Kyaw Myo Htun

ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ မနေ့က ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့မှုတွေအတွက် လူကြီးမင်း ဖုန်းအရောင်းဆိုင်အနေနဲ့ အများပြည်သူကို အနူးအညွတ်တောင်းပန်ကြောင်းနဲ့ တောင်ကြီးမြို့နဲ့ နေပြည်တော်မှာရှိတဲ့ လူကြီးမင်းဖုန်းဆိုင်တွေမှာတော့ မူလအစီအစဉ်အတိုင်း ကံစမ်းမဲအစီအစဉ်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ရန်ကုန်မြို့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ကံစမ်းမဲအစီအစဉ်ကိုတော့ အခြားသော ပုံစံနဲ့ ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။

မနေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ လူကြီးမင်းဖုန်းဆိုင်တွေရဲ့ တစ်သိန်းကျော်တန် Samsung Galaxy Mini ကို ၅၀၀၀ ကျပ်နဲ့ ရောင်းချမယ့် ကံစမ်းမဲအစီအစဉ်မှာ ကံစမ်းမဲကူပွန် ထုတ်ယူသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအကြား ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် အစီအစဉ် ဖျက်သိမ်းခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။