အသံချဲ့စက်သုံးမှုကြောင့် တရားစွဲခံရပြီး ရုံးတက်နေရ

ပန်းရဲ့လမ်း လူမှုကွန်ယက်အဖွဲ့ရဲ့ ရန်ပုံငွေရှာဖွေရေးပွဲတွေကို ကူညီခဲ့သူ မကွေးမြို့က ဦးမောင်မောင်စိုးကို မြို့နယ်အုပ်ချုပ်ရေးမှူးက ခွင့်ပြုချက်မရပဲ အသံချဲ့စက် သုံးတယ်ဆိုပြီး တရားစွဲဆိုထားရာမှာ အောက်တိုဘာလ ၁၉ ရက်နေ့က ၄ ကြိမ်မြောက် တရားရုံး တက်ရောက်ခဲ့ရပါတယ်။
2012-10-19
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

နာမည်ကျော် မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့က ဂီတပညာရှင် ကိုရဲလွင် ဦးဆောင်တဲ့ ပန်းရဲ့လမ်း လူမှုကွန်ယက် အဖွဲ့ကနေ ဧရာဝတီတိုင်း ရေဘေး ဒုက္ခသည်တွေအတွက် မကွေးတိုင်း အလှူခံ ခရီးစဉ်အတွင်းမှာ  မကွေးမြို့က ဦးမောင်မောင်စိုးက အကူအညီပေးခဲ့တာကို  မကွေးမြို့နယ်အုပ်ချုပ်ရေး မှူးက ခွင့်ပြုချက်မယူဘဲ ပြုလုပ်ခဲ့တာဆိုပြီး တရားစွဲဆိုခဲ့တာပါ။

မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး အက်ဥပဒေ ပုဒ်မ ၂၆/၂၇ အရ တရားစွဲဆိုထားတာလို့ ဦးမောင်မောင်စိုးရဲ့ ရှေ့နေ ဒေါ်မိမိခင်က RFAကို အခုလို ပြောပါတယ်။

" ၂၆/၂၇ အရ သူ့ကို အသံချဲ့စက် ခွင့်ပြုမိန့်မရှိဘူး။ ပွဲမိန့် မရှိဘူးလို့ စွဲထားတယ်။ ဦးမောင်မောင်စိုးကလည်း ပန်းရဲ့လမ်း ခရီးစဉ် ဖျော်ဖြေတဲ့ပွဲကို သူက ကူညီရုံ သက်သက်ပဲ။ ဒီထဲမှာ ဖျော်ဖြေသူလည်း မဟုတ်၊ အသံချဲ့စက်ကို သူကိုယ်တိုင် ဌားရမ်းခဲ့ခြင်း၊ အသုံးပြုခဲ့ခြင်းလည်း မရှိဘူးဆိုတာတွေကို ဥပဒေဘောင်ထဲကပဲ ထုခြေသွားတာပါ။ "

ဒီနေ့ တရားရုံးကနေ အောက်တိုဘာလ (၂၅)ရက်နေ့ကို ပြန်လည် ချိန်းဆို လိုက်ပါတယ်။

ကွန်မင့်များ (4)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

ခုဖော်ပြခဲ့ တဲ့သတင်း အသံချဲ့စက်အသုံးပြုမှု့ေုကာင့် တရားစွဲခံရပြီး ရုံးတက်နေရ တစ်ခု မေချင်ပါတယ် တရားသူုကီးခင်ဖျား အသံချဲ့ စက်အသုံးပြု လို့တရားစွဲမယ်စိုလျှင် ဘလီတွေ မှာ အသံချဲ့ စက် နဲ့ မနက်တိုင်အော်နေတာကိုလဲ တရားစွဲ့ သင့်ပါကြောင် အသိပေးအပ်ပါသည် ဒါမှလဲ တရား တော့မပေါ့ အဲဒါကိုမြို့ နယ်အုပ်ချုပ်ရေးမှူး သိပါလေစ သိလျှင်လဲ မြန်မြန် တရားစွဲ စေချင်ပါသည်ခင်ဖျား။

Oct 21, 2012 07:34 AM

luu mone

ရန်ပုံငွေ ရှာ တဲ့လူက်ု အကူအညီပေးတာ ဘာအပြစ်ရှိလို့ လဲဗျ အဲဒီအုပ်ချုပ်ရေးမှူးက သူ့ထက်သာလို့ မနာလိုတာလားဗျ။

Oct 20, 2012 02:55 PM

Nyo

But what hell kind of democracy are we living in if we have to get permission for everything? Is it necessary for us the get the permission to think or breath? maybe we might also be sued because of this. I can see how democratic our country has become. Now we have to get approval for every move we make. Wow!!! amazing Myanmar DEMOCRACY!!!

Oct 20, 2012 03:08 AM

ဇော်မင်းဦး

နေရပ်- ကရင်ပြည်နယ်

လူမှု့ကူညီရေးဆောင်ရွက်တာဟာအများအကျိုးအတွက်ဆောင်ရွက်တာကိုတရားစွဲတဲ့အတွက်တနေ့သူလည်းအကူအညီမလိုတော့ဘူးလါး

Oct 20, 2012 12:22 AM