မိတ္တီလာမြို့ ဒုက္ခသည် စခန်းမှာ နေရပ်ပြန်လိုသူများနေ

0:00 / 0:00

မိတ္ထီလာမြို့ အဓိကရုဏ်းကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရပြီး ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြသူတွေထဲက ထက်ဝက်လောက်ဟာ မိမိတို့ရဲ့နေအိမ်တွေကို ပြန်သွားလိုကြပေမယ့် သက်ဆိုင်ရာအာဏာပိုင်တွေက ခွင့်မပြုဘူးလို့ RFA ကို ဒီနေ့မှာပြောပါတယ်။

မိတ္တီလာမြို့၊ အမှတ် (၃) အခြေခံပညာထက်တန်းကျောင်းမှာ ယာယီခိုလှုံနေကြတဲ့ မူဆလင်ဒုက္ခသည် ၁၃၀၀ ကျော်ရှိတဲ့အထဲက တဝက်ကျော်ဟာ သူတို့နေအိမ်တွေ ဖျက်ဆီးမခံရတာကြောင့် ပြန်လည်နေထိုင်လိုကြတာလို့ အစ္စလမ်ဘာသာဝင်တစ်ဦးဖြစ်တဲ့ ဦးဘစိုးဝင်းက ပြောပါတယ်။

လက်ရှိ ဒုက္ခသည်စခန်းမှာ အိမ်သာတွေ အသစ်ဆောက်နေတာတွေ ရှိနေတာကြောင့် ဒုက္ခသည်စခန်းမှာပဲ အတော်ကြာနေရမှာကို စိုးရိမ်ပူပန်နေကြသလို၊ စိတ်ဓါတ်ကျဆင်းတဲ့ ဝေဒနာခံစားရသူတွေလည်း ရှိလာနေကြောင်း သိရပါတယ်။

ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် မိတ္တီလာမြို့ သာသနာ့ဝေပုလ္လကျောင်းတိုက် ဆရာတော်နဲ့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တချို့ လာမယ့် ဧပြီလ ၁၈ ရက်နေ့မှာ ညှိနှိုင်းဆွေးနွေးကြမယ်လို့လည်း သိရပါတယ်။

အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းက မူဆလင်ဒုက္ခသည်တွေရဲ့ လက်ရှိအခြေအနေကို ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။