မိတ္ထီလာ ဒုက္ခသည်စခန်း ၃ ခုကို ပိတ်

ပြီးခဲ့တဲ့ မတ်လအတွင်းက မိတ္ထီလာမြို့နယ်မှာ ဖြစ်ပွား ခဲ့တဲ့ အဓိကရုဏ်းကြောင့် ယာယီဒုက္ခသည် စခန်းတွေ မှာ နေထိုင်နေကြရသူတချို့ကို နေရပ်ပြန်ပို့ပြီး ဒုက္ခသည်စခန်း ၃ ခုကို ပိတ်သိမ်းလိုက်ပြီလို့ သိရပါတယ်။

ယာယီဒုက္ခသည်စခန်းအဖြစ် ဖွင့်လှစ်ထားတဲ့ အမှတ် ၁၊ အမှတ် ၃ နဲ့ အမှတ် ၅ အခြေခံပညာ အထက်တန်းကျောင်းတွေက ဒေသခံတွေကို ပြည် သာယာ(တောင်)၊ ပြည်သာယာ(မြောက်)၊ ရတနာ မာန်အောင်၊ သာယာကုန်း ၁၊ သာယာကုန်း ၂ စတဲ့ ရပ်ကွက်တွေမှာ ပြန်လည်နေရာချထားပေးတာဖြစ် ပါတယ်။

ဒေသခံတွေကို ပြန်လည်နေရာချထားပေးရေး အခြေအနေတွေနဲ့ ပတ်သက်လို့ အာဏာပိုင်တွေနဲ့အတူ ကူညီဆောင်ရွက်ပေးနေတဲ့ ၈၈မျိုးဆက်ကျောင်းသား ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုခိုင်က RFA ကို ပြောပါတယ်။

ဒုက္ခသည်စခန်းတွေမှာနေထိုင်တဲ့ ရတနာမာန်အောင်ရပ်ကွက် ဒေသခံအိမ်ထောင်စု ၁၁၈ စုက
မိသားစုဝင် ၅၂၄ ယောက်ကို မနေ့ကပြန်လည်နေရာချထားပေးပြီးဖြစ်ပါတယ်။ ဒုက္ခသည်စခန်းမှာ ကျန်ရှိနေဆဲဖြစ်သူတွေကို သီရိမင်္ဂလာ၊ ရန်မျိုးအောင်၊ ချမ်းအေးရပ်ကွက်၊ နန်းတော်ကုန်းနယ်မြေစတဲ့ရပ်ကွက်တွေမှာ ပြန်လည်နေရာချထားပေးနိုင်ဖို့ ဆက်လက်စီစဉ်နေတယ်လို့ သိရပါတယ်။

မိတ္ထီလာမြို့ပေါ်မှာ ထုတ်ပြန်ထားတဲ့ အရေးပေါ်စီမံချက် ပုဒ်မ ၁၄၄ ကို မနက်ဖြန်မှာ ပြန်လည်ရုပ်သိမ်းမှာဖြစ်ပြီး လုံခြုံရေးတာဝန်ယူထားတဲ့ စစ်တပ်ရင်း ၂ ရင်းဟာလည်း ပြန်လည်ထွက်ခွာမှာ ဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။