ကွာလာလမ်ပူမြို့တော်မှာ မနေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ - လက်ရှိ မြန်မာခေါင်းဆောင်တွေဟာ အရင် ခေါင်းဆောင်တွေနဲ့ ရပ်တည်ချက် သဘောထားချင်း မတူညီဘူးဆိုတာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ဖြစ်စဉ်က ပြသနေပါတယ်။
ရိုဟင်ဂျာတွေကို လက်ခံရေး လုပ်ငန်းစဉ်ဟာ အချိန်အတန်ကြာ ယူရမှာဖြစ်ပေမဲ့ နောက်ဆုံးမှာတော့ မြန်မာအစိုးရဟာ ရိုဟင်ဂျာတွေကို လက်ခံလာမှာပါလို့ မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က ပြောသွားခဲ့ပါတယ်။