မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အရှေ့မြောက်ဘက် Ukay Perdana အရပ်က ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ မနေ့မနက်က မြေပြိုကျတဲ့အတွက် မြန်မာနိုင်ငံက အလုပ်သမား ၃ ယောက်သေဆုံးပြီး၊ တစ်ယောက်က ခြေထောက်ကျိုးသွားတယ်လို့ မလေးရှားနိုင်ငံအခြေစိုက် ဘနားမားသတင်းဌာနက ဖော်ပြလိုက်ပါတယ်။
အဲဒီလူ ၃ ယောက်ဟာ ပြိုကျတဲ့ကျောက်ခဲပုံမှာပိမိပြီး သေဆုံးသွားတာဖြစ်ပြီး၊ အလုပ်သမား ၈ ယောက်က ရေဆိုးထုတ်ပိုက်လိုင်းတွေ တပ်ဆင်နေတုန်း မြေပျိုကျမှု ဖြစ်ပွားခဲ့တာလို့ ဆီလန်ဂေါပြည်နယ် မီးသတ်နဲ့ကယ်ဆယ်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ပြောပါတယ်။
ဘာကြောင့်ပြိုကျသလဲဆိုတဲ့ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှာဖြစ်တဲ့အတွက် အလုပ်ခွင်ရပ်နားထားဖို့ကိုလည်း သက်ဆိုင်ရာက ညွှန်ကြားထားတယ်လို့ဆိုပါတယ်။
သေဆုံးသူတွေကတော့ အသက် ၃ဝ ဝန်းကျင်လူငယ်တွေဖြစ်ပြီး၊ မိုဟာမက် အာလန်၊ ရွမ်ဇို အလီနဲ့ ကော်ရင်းတို့ဖြစ်တယ်လို့ဆိုပါတယ်။