တစ်နိုင်ငံလုံးက စက်မှုဇုန်တွေမှာ အလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ အလုပ်ရှင် အလုပ်သမား ပဋိပက္ခတွေ ကို ဖြေရှင်းပေးဖို့ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ စက်မှုဇုန်နဲ့ စက်မှုဇုန် အတော်များများက အလုပ် သမားတွေ စုပေါင်းပြီး ဒီနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြ ပါတယ်။
စက်ရုံအတော်များများမှာ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းခွင့်ရနေပေမယ့် သမဂ္ဂခေါင်းဆောင်တွေကို အလုပ်ထုတ်တာတွေ များလာနေကြောင်း ဒီနေ့ ဆန္ဒပြပွဲမှာ ပါဝင်သူ အလုပ်သမားတွေက ပြော ပါတယ်။
P & G သောက်ရေသန့်ကုမ္ပဏီမှာ သမဂ္ဂဖွဲ့စည်းခဲ့တဲ့ အတွက် အလုပ်ထုတ်ခံရသူ ကိုကြည်မင်းထိုက်က ဒီနေ့ ဆန္ဒပြပွဲမှာ အခုလို ပြောပါတယ်။
"အလုပ်သမားသမဂ္ဂတွေပေါ်လာပြီးတဲ့ နောက်ပိုင်းမှာ ဥပဒေမဲ့အလုပ်ထုတ်မှှုတွေ တောက်လျှောက်ဖြစ် လာတယ် အထုတ်ခံရတဲ့တော်တော်များများဟာလည်း သမဂ္ဂဖွဲ့မှှုနဲ့လည်းဆိုင်တယ် ၊သမဂ္ဂခေါင်းဆောင်တွေ ရည်ရွယ်ချက်ရှိရှိနဲ့ ထုတ်ပစ်တာတွေလည်းပါတယ်၊ အဲ့ဒါတွေကိုလည်း အလုပ်သမားဝန်ကြီးဌါနက ထိရောက်စွာ ဖြေရှင်ပေးမှှုမရှိဘူး၊နောက်ပြီးတော့ ညှိနှှိုင်းဖြေဖျန်းမှှုရုံးတွေ မှာ အလုပ်သမား ကိုယ်စားလှယ်မရှိတဲ့ကိစ္စတွေ ညှိနှှိုင်းဖြေဖျန်းမှှုရုံးတွေက အရာရှိတွေက အလုပ် သမားတွေကိုမချေမငင် ဆက်ဆံတာတွေအလုပ်ရှင်တွေဆို အရေးတယူ နေရာပေးတာတို့ အလုပ်သမား ဝန်ကြီးဌါနရဲ့ အားနည်းချက်တွေကို တိုက်ရိုက်ဆန္ဒဖော်ထုတ်လိုက်တဲ့အတွက် သူတို့မသိသေးရင်တောင် မှ သိသွားပြီးတော့ ဆောင်ရွက်ပေးသွားမယ်လို့ထင်လို့ ဆန္ဒဖော်ထုတ်ရတာပါ "
ဒါ့အပြင် အလုပ်သမားတွေက အစိုးရက ဖွဲ့စည်းထားတဲ့ ခုံသမာဓိရုံး နဲ့ အလုပ်သမား ညှိနှိုင်း ဖြန်ဖြေရေးရုံးတွေ ဟာ အလုပ်သမားတွေကြုံတွေ့ရတဲ့ အလုပ်ရှင် အလုပ်သမား ပဋိပက္ခတွေကို ဖြေရှင်းပေးနိုင်မှုှု မရှိဘူးလို့ ပြော ပါတယ်။
ဆန္ဒပြပွဲကို ရွှေပြည်သာ စက်မှုဇုန် ၁၊ ၂၊ ၃၊ ၄ က အလုပ်သမားတွေအပြင် လှိုင်သာယာ၊ နေပြည်တော်၊ မန္တလေး စက်မှုဇုန်တွေက အလုပ်သမားတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ဒီ ဆန္ဒပြပွဲ အကြောင်းကို RFA သတင်းထောက် မရတနာဦး တင်ပြထားပါတယ်။