ဒီနေ့ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ရာမှာ သံဃာတော်တွေဟာ ၂၀၀ရ ရွှေဝါရောင် တော်လှန်ရေးတုန်းက ရွတ်ဆိုခဲ့ကြသလိုမျိုး မေတ္တာပို့ ဆုတောင်းစာတွေကို ရွတ်ဆိုခဲ့ကြပါတယ်။
အဲဒီလို ဆန္ဒဖော်ထုတ်ခဲ့ကြရာမှာ မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် ဦးဝိရိယဘိဝံသ နဲ့ မစိုးရိမ်တိုက်သစ် ဓမ္မသဟာယ ဘုန်းတော်ကြီးကျောင်း နာယက ဆရာတော် ဦးဝီရသူ တို့က သြဝါဒ စကားတွေ မိန့်ကြားခဲ့ပါတယ်။
ဒီလိုဆန္ဒဖော်ထုတ်ရတာနဲ့ပတ်သက်ပြီး ဦးဆောင် ဆရာတော်တစ်ပါး ဖြစ်တဲ့ မြဝတီကျောင်း ဆရာတော် ဦးဝိရိယဘိဝံသက RFA ကို အခုလို မိန့်ကြားပါတယ်။
"မွတ်စလင်အရေခြုံထားတဲ့ အစ္စလာမ် အရေခြုံထားတဲ့၊ အစွန်းရောက်တွေဟာ ကမ္ဘာရဲ့ ငြိမ်းချမ်းရေးကို အန္တရာယ်ပြုနေတယ် ဆိုတာကို ကမ္ဘာက သိအောင်လို့ သံဃာတော်များရဲ့ ဆန္ဒထုတ်ဖော်ကြတာ။ အိုအိုင်စီကိုလည်း ဘုန်းကြီးတို့ မလိုချင်ဘူး။ ပြောရင်တော့ နိုင်ငံခြား သြဇာခံ ဘာသာရေးတွေ ဖြစ်အောင် တည်ဆောက်နေတယ်။ အဲဒါကို ကျုပ်တို့က အင်မတန် အန္တရာယ်ကြီးတယ်လို့ မြင်နေလို့ ဒါ ပြသတာပဲ။"
ဆန္ဒပြပွဲမှာ မူလက သံဃာတော်တွေ အပါး ၅၀၀ လောက်ပဲ ရှိပေမယ့် စီတန်း လှည့်လည်ချိန်မှာတော့ သံဃာတော်တွေ အပါအဝင် လူ (၂၀၀၀) နီးပါးလောက် အထိ တိုးလာပါတယ်။
မန္တလေးသံဃာတော်တွေ ဒီကနေ့ နေ့လည်ပိုင်း မန္တလေးမြို့ကို လှည့်လည်ကြွချီ ဆန္ဒပြခဲ့တဲ့အကြောင်း အသေးစိတ်ကို အာရ်အက်ဖ်အေ အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။
မန္တလေးသံဃာတော်တွေ ဒီကနေ့ နေ့လည်ပိုင်း မန္တလေးမြို့ကို လှည့်လည်ကြွချီ ဆန္ဒပြခဲ့တဲ့အကြောင်း အသေးစိတ်ကို အာရ်အက်ဖ်အေ အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။