မန္တလေးမှာ မဲဆန္ဒရှင်စာရင်း ပြင်ဆင်ကြေညာ

မန္တလေးမြို့အတွင်း မဲပေးပိုင်ခွင့်ရှိသူစာရင်း မှားယွင်းနေမှုနဲ့ ပတ်သက်ပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်ပြခဲ့ပြီးတဲ့နောက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်စာရင်းကို ပြန်လည်ပြင်ဆင်ပြီး ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရပါတယ်။

မဲဆန္ဒရှင်စာရင်း မှားယွင်းနေတာတွေနဲ့ ပတ်သက်ပြီး မဟာအောင်မြေမြို့နယ် ကော်မရှင်ဥက္ကဋ္ဌကို မနေ့က သွားရောက် တွေ့ဆုံတင်ပြခဲ့ကြောင်း အဲဒီမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးအုံးကြိုင်က ပြောပါတယ်။

မြို့နယ်ကော်မရှင်က နောက်တိုးစာရင်းနဲ့ထပ်မံ ကြေညာခဲ့ပေမယ့် ဧည့်စာရင်းနဲ့နေထိုင်သူ ရာနဲ့ချီ ကျန်နေသေးတယ်လို့ သိရပါတယ်။ ကျန်နေသူတွေ မဲပေးခွင့်ရအောင် ထပ်ပြီး တင်ပြသွားမယ်လို့ ဦးအုံးကြိုင်က ဆိုပါတယ်။