တနင်္ဂနွေနေ့က ရန်ကုန်မြို့၊ မြန်မာ အီးဂရက်စ် ခန်းမမှာ ပြုလုပ်တဲ့ ကရင်အဖွဲ့အစည်းများနဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း တွေ့ဆုံပွဲမှာ ဝန်ကြီးဦးအောင်မင်းက KNU အဖွဲ့နဲ့ အစိုးရ အပစ်အခတ်ရပ်စဲရေး ပဏာမသဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး နောက်ပိုင်း ဆက်လက်ဆောင်ရွက်မယ့် အခြေအနေများကို ရှင်းပြခဲ့ပါတယ်။
ဒီပွဲမှာ ကရင်အဖွဲ့အစည်းများက ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က အင်းစိန်းထောင် အထူးတရားရုံးကနေ နိုင်ငံတော်ပုန်ကန်မှု၊ မတရားသင်း ဆက်သွယ်မှု စတဲ့ ပုဒ်မတွေနဲ့ ဖဒိုမန်းငြိမ်းမောင်ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီးမေးမြန်းခဲ့ရာ ဝန်ကြီး ဦးအောင်မင်းက ဖဒိုမန်းငြိ်မ်းမောင် လွတ်စေရမယ်လို့ မိမိကတိပေးခဲ့ကြောင်း၊ ကတိကို တည်စေရမှာ ဖြစ်တယ်လို့ တာဝန်ခံ ပြောဆိုသွားပါတယ်။
ဒီပွဲကို မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကရင်အဖွဲ့အစည်းပေါင်း ၃၀ ခန့် တက်ရောက်ခဲ့ပါတယ်။
ဒီအကြောင်းများကို ရန်ကုန်မြို့အီးဂရက်ခန်းမကို သွားရောက် သတင်းယူခဲ့သူ RFA အဖွဲ့သား ဦးခင်မောင်စိုးကို ဦးကျော်မင်းထွန်းက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ တဆက်တည်းမှာပဲ ဦးကျော်မင်းထွန်းက အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်တဲ့ အမျိုးသားသတင်းဆုပေးပွဲ အခမ်းအနားကိုလည်း ပထမဆုံး မေးမြန်းခဲ့ပါတယ်။
