လာမယ့်ဇွန်လ ၉ ရက်နေ့မှာ ကမ္ဘာကျော် မန်ချက်စတာယူနိုက်တက်အသင်းမှာ ပါဝင်ကစားခဲ့ကြတဲ့ ဘောလုံးသမားဟောင်းတွေနဲ့ မြန်မာအသင်းတို့ သုဝဏ္ဏအားကစားကွင်းမှာ ချစ်ကြည်ရေး ရန်ပုံငွေပွဲအဖြစ်ကစားကြမှာ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ကစားခဲ့ကြတဲ့ ဒင်းနစ်အီဝင်(Denis Irwin)၊ အန်ဒီကိုး(Andy Cole)နဲ့ ကလေတန်ဘလက်မိုး( Clayton Blackmore )နဲ့ လီရှိတ်(Lee Sharpe)တို့ပါဝင်မယ်လို့ သိရပါတယ်။
မြန်မာဘက်က Myanmar National League (MNL)နဲ့ ကစားကြမှာ ဖြစ်ပါတယ်။
ဒီပွဲကရရှိတဲ့ ရန်ပုံငွေကို ဘုန်းတော်ကြီးကျောင်း ပညာရေး၊ ဆေးရုံတွေနဲ့ HIV ဝေဒနာရှင်တွေ ပြန်လည်ထူထောင်ရေးတွေအတွက်လှူဒါန်းမှာ ဖြစ်ပါတယ်။
ပရိသတ်တွေတခဲနက် လာရောက်အာေးပးကြပြီး၊ ရန်ပုံငွေအမြောက်အများရလိမ့်မယ်လို့ မျှော်လင့်ကြောင်း Clayton Blackmore က ပြောဆိုခဲ့ပါတယ်။
သူနဲ့ Denis Irwin တို့ဟာ ပြီးခဲ့တဲ့ဧပြီလ ၂၆ ရပ်နေ့က သုဝဏ္ဏကွင်းကို သွားရောက်ကြည့်ရှုခဲ့ကြပြီး၊ နိုင်ငံတကာအဆင့်မီဖြစ်ဖို့ ဆောင်ရွက်ရဦးမယ်လို့ ပြောကြကြောင်း The Times of India သတင်းက ဖေါ်ပြပါတယ်။