Martin Ennals ဆု နောက်ဆုံး ဇကာတင်အဆင့် ၃ ဦးအနက် ဦးရောဘတ်စန်းအောင် ပါဝင်

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amesty International၊ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ Human Rights Watch စတဲ့ အဖွဲ့တွေ အပါအဝင် ကမ္ဘာ့ထိပ်သီး လူ့အခွင့်အရေး အဖွဲ့ကြီး ၁ဝ ခုကနေ ကမ ကထ ပြုပြီး ရွေးချယ်တဲ့ ၂ဝ၁၅ ခုနှစ် ဆွစ်ဇလန်နိုင်ငံ အခြေစိုက် Martin Ennals လူ့အခွင့် အရေးဆု အတွက် နောက်ဆုံးဇကာတင် ၃ ဦးကို ဒီကနေ့ အမည် စာရင်း ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံက ရှေ့နေ ဦးရောဘတ်စန်းအောင် ပါဝင်ပါတယ်။

ဒီဆုအတွက် အရွေးချယ်ခံရသူတွေဟာ လူ့အခွင့်အရေး ကို ကာကွယ်စောင့်လျောက်သူတွေဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖေါက်ခံရသူတွေဘက်ကနေ တရား ဥပဒေကြောင်း အရ ကာကွယ် ဆောင်ရွက်သူတွေကို ရွေးချယ်တာဖြစ် ပါတယ်။ မြန်မာနိုင်ငံက ရှေ့နေ ၂၅ ဦးထဲက အရွေးချယ် ခံရတာ ဖြစ်တယ်လို့ ဦးရောဘတ်စန်းအောင် ကပြောပါတယ်။

နောက်ဆုံးစကာတင်အရွေးခံရသူ သုံးဦးကတော့ မြန်မာနိုင်ငံက ဦးရောဘတ် စန်းအောင်နဲ့ အတူ ဂါနာနိုင်ငံက အမျိုး သမီးရှေ့နေတစ်ဦးဖြစ်တဲ့ Asmaou Diallo နဲ့ UAE နိုင်ငံက Amed Mansoor တို့ ဖြစ်ပါတယ်။

ဒီဆုအတွက် နောက်ဆုံးရွေးချယ်တာကို နိုဝင်ဘာလ ၉ရက်နေ့ နောက်ပိုင်းမှာ ရွေးချယ်ထုတ် ပြန်သွားမယ်လို့ သိရ ပါတယ်။