အာဇာနည်နေ့ ထူးခြားချက်တချို့ မြင်တွေ့

လာမဲ့ ဇူလိုင် ၁၉ ရက်နေ့မှာ ကျင်းပမဲ့ အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတော်အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ ဖြစ်ကြောင်း NLD ပါတီက ဒီကနေ့ ပြောကြားပါတယ်။
2012-07-16
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
martyrs-special305.jpg
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျဆုံးခဲ့ကြသော အာဇာနည်များ။ ဓါတ်ပုံ - RFA
RFA

အစိုးရက အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ မိသားစုဝင်တွေအတွက် သီးသန့် အစီအစဉ်အဖြစ် ဂါရ၀ပြုဖို့ သတ်မှတ်ထားကြောင်း၊ အစီအစဉ်အတိုင်း ဒေါ်အောင်ဆန်းစုကြည် သွားရောက် ဂါရ၀ ပြုမှာ ဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟန်သာမြင့်က ပြောပါတယ်။

အာဇာနည်ကုန်းမှာ လွမ်းသူ့ပန်းခွေချ ဂါရ၀ ပြုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ရုံးချုပ်မှာ ကျင်းပမဲ့ အာဇာနည်နေ့ အခမ်းအနားကို တက်ရောက် မိန့်ခွန်းပြောကြားမှာ ဖြစ်ကြောင်း သိရပါတယ်။

ပျဉ်းမနား နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေး တက်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဇာနည်နေ့ အခမ်းအနား တက်ရောက်ဖို့အတွက် ဇူလိုင် (၁၈) ရက်နေ့မှာ ရန်ကုန်မြို့ကို ခေတ္တခဏ ပြန်လာမှာဖြစ်ပါတယ်။

ဒီနှစ်ကျင်းပမယ့် အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ထူးခြားမှုတချို့ မြင်တွေ့ရကြောင်း စာရေးဆရာ မောင်ဝံသက ပြောပါတယ်။ NLD အတွင်းရေးမှူး ဦးဥာဏ်ဝင်းနဲ့ စာရေးဆရာ မောင်ဝံသကို ဒေါ်ခင်ခင်အိက ဆက်သွယ် မေးမြန်းထားတာ နားဆင်ပါ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

တဆက်တည်းမှာဘဲ အာဇာနည် ခေါင်းဆောင်ကြီး တစ်ဦးဖြစ်တဲ့ ဦးရာဇတ်ရဲ့သမီး သြစတြေးလျနိုင်ငံမှာ လက်ရှိ နေထိုင်လျက်ရှိတဲ့ ဒေါ်ခင်ခင်စိန်ကို ဦးခင်မောင်စိုးက ဆက်သွယ် မေးမြန်းခဲ့တာကိုလည်း နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

Aung Aung

"အာဇာနည်နေ့ အခမ်းအနားအစ၊ ကျောင်းသားက" ဆိုတာကိုသိရလို့ RFA Burmese ကို ကျေးဇူးတင်ပါသည်။ ကျောင်းသားခေါင်းဆောင် မြို့မ-ဦးသန်းကြွယ်ကိုလည်း လေးစားအထင်ကြီးမိပါသည်။ "အာဇာနည်မျိုး၊ သေရိုးမရှိ"။ ဖခင်ဗိုလ်ချုပ်အောင်ဆန်းကို ဂါရဝပြုပါ၏။

Jul 18, 2012 08:19 AM

အမည္မေဖာ္လိုသူ

မြန်မာနိုင်ငံ၏ပထမဦးဆုံးအာဇာနည်နေ့ အခမ်းအနား ကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဌ မြို့မ-ဦးသန်းကြွယ် က
၂၀.၇.၁၉၄၇ တွင် စတင် ဦးဆောင် ကျင်းပခဲ့သည်။ အာဇာနည်နေ့၊ တို့မမေ့
http://my.wikipedia.org/wiki/File:Myoma_U_Than_Kywe_and_Burmese_Martyrs%27_Day_%281%29.JPG
http://my.wikipedia.org/wiki/File:Myoma_U_Than_Kywe_and_Burmese_Martyrs%27_Day_%282%29.JPG
http://my.wikipedia.org/wiki/File:Myoma_U_Than_Kywe_and_Burmese_Martyrs%27_Day_%283%29.JPG

Jul 17, 2012 04:51 AM

A student from Burma

We all pay very respect to 65th Anniversary of Martyrs' Day(၆၅ နှစ်မြောက် အာဇာနည်နေ့)of Burma.၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းအမှုး ပြုသော အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီးနောက်တစ်နေ့ ၁၉၄၇၊ ဇူလိုင် ၂၀ တွင်ရန်ကုန်မြို့၊ဆူးလေဘုရား အနီးရှိ ဖိုက်စကွဲယား(ယခု ဗန္ဓုလ)ပန်းခြံ၌ နိုင်ငံတော်ဈာပနဗဟိုကော်မတီဝင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဌ မြို့မ-ဦးသန်းကြွယ်သည် ကျောင်းသားနှင့်ပြည်သူတစ်သိန်းက­ျော်ကို ဦးဆောင်ပြီး"လူသတ်ဝါဒရှုတ်ချ ပွဲ"ကို စတင်ဦးဆောင်ကျင်းပခဲ့သည်။

Jul 17, 2012 04:47 AM

အမည္မေဖာ္လိုသူ

why do comments to establish long after I wrote....i waited for my comment over 24 hours...it's your RFA law?

Jul 17, 2012 01:39 AM

အမည္မေဖာ္လိုသူ

တိုင်းပြည်ရဲ့တန်ဖိုး။ လူမျိုးရဲ့သိက္ခာဆိုတာတွေကို သေသေချာချာ လေ့လာကြပါ ကျေးဇူးတရားကိုလည်း နားလည်ကြပါ။ သမိုင်းကိုမဖျောက်ကျပါနဲ့

Jul 17, 2012 12:25 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.