မောင်တောမြို့ တောင်ဖက်ပိုင်းဒေသမှာ တရုတ်ကုမ္ပဏီ ရှားပါးသတ္တုများ တွေ့ရှိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့ တောင် ပိုင်း အလယ်သံကျော်ကမ်းခြေနဲ့ ရသေ့တောင်မြို့နယ် အငူမော် ကမ်းခြေတဝိုက်မှာ တရုတ်နိုင်ငံ အခြေစိုက် Gold Finder သတ္တုတူးဖော်ရေးကုမ္ပဏီ က အလူမီနီယမ် နဲ့ တိုက်တေနီယမ် ဓါတ်သတ္တုတွေ အမြောက်အများ တွေ့ရှိ ထားတယ်လို့ RFA က စုံစမ်းသိရပါတယ်။
2013-01-01
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
rare-material-305
ဒုံးပိုက်ကျေးရွာအနီးကမ်းခြေတွင် Black Sand တူးဖော်မှု ပြုလုပ်ခဲ့တဲ့နေရာ
Photo: RFA/Min Thein Aung

အဲဒီကမ်းခြေတဝိုက်မှာ အလူမီနီယမ်နဲ့ တိုက်တေနီယမ် ဓါတ်သတ္တုတွေပါဝင်တဲ့ ရှားပါးသဲမြေတွေကို တွေ့ရှိရတာဖြစ်ပြီး အဲဒီ  Gold Finder ကုမ္ပဏီအနေနဲ့ စမ်းသပ်မှုတွေ ပြုလုပ်နေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သစ်တောနဲ့ သတ္တုဝန်ကြီး ဦးအောင်သန်းတင်က RFA ကို ပြောကြားပါတယ်။

Gold Finder ကုမ္ပဏီအနေနဲ့ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတွေရဲ့ ခွင့်ပြုချက်နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းကစတင်ပြီး  စမ်းသပ်မှုတွေ ပြုလုပ်နေတာလို့ သိရပါတယ်။ အဲဒီကမ်းခြေတွေက သဲမြေတွေဟာ သဲတန်ချိန်ပေါင်း ၅ဝဝ မှာ အလူမီနီယမ်နဲ့ တိုက်တေနီယမ် သတ္တုအလေးချိန် ၁ တန်အထိ သန့်စင်ရယူနိုင်တယ်လို့လည်း သိရပါတယ်။

တိုက်တေနီယမ်သတ္တုဟာ အဖိုးတန်ဓါတ်သတ္တုတစ်မျိုးဖြစ်ပြီး ပေါ့ပါးပြီးမာကျောတဲ့အတွက် လေယာဉ်အင်ဂျင်နဲ့ ဒုံးကျည်တွေ၊ အာကာသယာဉ်တွေပြုလုပ်ရာမှာ အသုံးပြုတဲ့ သတ္တုတစ်မျိုးဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။

ကွန်မင့်များ (4)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

so myanmar goverment will kill muslim in maungdaw too wwwwoooooooooooooo

Jan 02, 2013 08:49 PM

အမည်မဖော်လိုသူ

2012 NOV ကျမှ တရုတ်ကို ခွင့်ပြုတာလား။ နိုင်ငံတကာကို ဘာဖြစ်လို့ ဈေးပြိုင်စနစ်နဲ့ ဖွင့်မပေးတာလဲ။ တယုတိကို ကြောက်ရလို့ပဲလား။
တယုတ်ကိုကြောက်ရလို့ ရခိုင်တပြည်နယ်လုံးကို ထိုးကျွေးရတာ ဆိုရင်တော့ စစ်တပ်သမိုင်းမှာ Top 10 စာရင်းဝင်းတဲ့ မြန်မာ့တပ်မတော်ကြီးတော့ last 10 ထဲ ရောက်သွားပါပြီ။ (ခါးမှာသေနတ်ချိတ်ရမှ လူတောထဲသွားရဲတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေဖြစ်နေတာ ကြာပြီပဲ။ ဒီလောက်တော့ ဖြစ်မှာပေါ့လေ။)

Jan 02, 2013 08:21 PM

ဒီမို

နေရပ်- ၇န်ကုန်

ပြ ည် နယ် အစိုး၇ဆိုဒါလည်းတချိန်ကစစ်အစိုး၇ပါဘဲ၊ တိုင်ပြည်ရဲ့ သရံဇာတတွေကိုစိုးရိမ်ရပါတယ် ။

Jan 02, 2013 07:48 AM

အမည်မဖော်လိုသူ

Myanmar government , don't try to get that.Later , our arakan kindom will try to get that.Please and please.

Jan 01, 2013 08:35 PM