မြန်မာအစိုးရသစ်နဲ့ အမေရိကန် ပြည်ထောင်စု အကြား ဆက်ဆံရေး တိုးတက်အောင် ကြိုးစားကြဖို့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း က ဒီကနေ့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံသို့ သုံးရက်ကြာ အလည်အပတ် ရောက်ရှိလာသည့် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း ၂ဝ၁၁ ခုနှစ် ဇွန်လ ၂ ရက်နေ့က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင် သွားရောက် တွေ့ဆုံပြီးနောက် ပြန်လည်ထွက်ခွာလာစဉ်။ (Photo: RFA)
အခုအချိန်ဟာ မိမိတို့ နှစ်နိုင်ငံအကြား ဆက်ဆံရေး ကောင်းမွန်ဖို့ အခွင့်အခါတရပ် ဖြစ်ကြောင်းနဲ့ အဲဒီလို ကောင်းမွန်အောင် ဆောင်ရွက်တဲ့နေရာမှာ မိမိအနေနဲ့ အကူအညီပေးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ အဆင့်သင့်ရှိပါကြောင်း မြန်မာနိုင်ငံကနေ ဒီကနေ့ ပြန်လည်မထွက်ခွာခင် ရန်ကုန်မြို့ အမေရိကန်စင်တာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ မက်ကိန်းက ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတယ် ဆိုတာကို မိမိအနေနဲ့ ယုံယုံကြည်ကြည် လက်ခံပါတယ်လို့လည်း သူက ပြောပါတယ်။ အဲဒီအတွက် အမေရိကန်ပြည်ထောင်စုကို ပြန်ရောက်တဲ့အခါမှာ အမေရိကန်အစိုးရနဲ့ လုပ်ဖော်ကိုင်ဘက်တွေကို မြန်မာနိုင်ငံနဲ့ စတင်ပြောဆို ဆက်ဆံဖို့ လိုအပ်တယ်ဆိုတာ သိရှိအောင် ရှင်းပြမှာ ဖြစ်တယ်လို့ မစ္စတာ မက်ကိန်းက ပြောပါတယ်။
အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းဟာ မြန်မာနိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အောက်လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် တို့အပြင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ပါ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ကြဖို့ ဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် မစ္စတာမက်ကိန်းဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးပါတီတချို့၊ တိုင်းရင်းသားပါတီတချို့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဂျွန်မက်ကိန်းရဲ့ ပြောကြားချက်တွေအပေါ် ဒေါ်စမ်းစမ်းတင်က စုစည်းတင်ပြထားပါတယ်။
| စုစည်းတင်ပြချက်။ |
|
| အသံဖိုင်ယူရန်။ |
ပိတ်ဆို့မှုတွေ ပိုမိုလျှော့ပေါ့ရေး အမေရိကန် စောင့်ကြည့်နေ
တရုတ်အစိုးရ သဘောထားအပေါ် ဦးအောင်ကျော်ဇောနဲ့ မေးမြန်းချက်
ရွေးကောက်ပွဲ ကြည့်ရှုဖို့ အမေရိကန်အဖွဲ့ရောက်ရှိ
ရွှေည၀ါဆရာတော် ပြည်ပသာသနာပြုခရီး ကြွမယ်
ပိတ်ဆို့ အရေးယူထားမှု တချို့ အမေရိကန်က ပြန်ရုပ်သိမ်းမယ်
ပြောင်းလဲမှုအဆင့်တွေ လိုနေသေးကြောင်း ဂျွန်မက်ကိန်းပြော
ပြုပြင်ပြောင်းလဲရင် ပူးတွဲဆောင်ရွက်ဖို့ အသင့်ရှိကြောင်း အမေရိကန်ပြော
အမေရိကန် အထက်လွှတ်တော်အမတ် မြန်မာနိုင်ငံ သွားမယ်
အမေရိကန် ကိုယ်စားလှယ်တွေ ပြည်တွင်းမှာ ဆက်လက် လေ့လာဆွေးနွေး
နိုင်ငံရေးအကျဉ်းသားတွေ လွတ်မှ ပိတ်ဆို့မှု ရုပ်သိမ်းမယ်လို့ ဗြိတိန်က ပြော
မှတ်ချက်များ
Click here to add your own comment