အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့ ဆန္ဒပြတောင်းဆိုမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရ တဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ကူညီပေးသူတွေ လွှတ်ပေးဖို့ မန္တလေးခရိုင်နဲ့ ရွှေဘိုခရိုင် ကျောင်း သားတွေက မန္တလေးမြို့မှာ ဒီနေ့ တောင်းဆိုဆန္ဒပြခဲ့ကြ ပါတယ်။
ဖမ်းဆီးခံထားရတဲ့ ကျောင်းသားပြည်သူတွေကို လွှတ်ပေးဖို့နဲ့ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲခဲ့ တာကို ကန့်ကွက်ကြောင်း ဆန္ဒပြတာဖြစ်တယ် လို့ ကျောက်ဆည် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုရဲရင့် ပိုင်မှူးက ပြောပါတယ်။
"ပညာရေးဆိုင်ရာ ဥပဒေတင်မဟုတ်ဘူး ကျနော်တို့ ၄ ပွင့်ဆိုင် သဘောတူညီချက်ထဲက သပိတ်ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ အရေးမယူရဘူးဆိုတဲ့အချက်ကိုလည်း ချိုးဖျက်ထားတယ်၊ သူတို့ကတော့ပြောနေ တယ်၊ ဒီမိုကရေစီအစိုးရ၊ ကျနော်ကတော့ စစ်အာဏာရှင်အစိုးရလို့ပဲမြင်တယ်၊ အရင်စစ်အာဏာရှင်အစိုးရ တိုင်းပဲ၊ ဘာမှမပြောင်းလဲသေးဘူး"
ဆန္ဒပြပွဲမှာ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က အာမခံနဲ့ လွတ်မြောက်လာတဲ့ ကိုအောင်မင်းခိုင် လည်း ပါဝင်ခဲ့ပါတယ်။ ဒီကနေ့ ဆန္ဒပြပွဲကို မန္တလေးခရိုင်နဲ့ ရွှေဘို ခရိုင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ ၊ မန္တလေးမြို့ခံ တွေ စုစုပေါင်း ၂၀ လောက်ဟာ ကြွေးကြော်သံတွေ တိုင်ပြီး မော်တော်ဆိုင်ကယ်တွေနဲ့ မြို့ကို လှည့်လည် ဆန္ဒပြခဲ့တာ ဖြစ်ပါ တယ်။
