မန္တလေးက သံဃာတော်တွေ ငြိမ်းချမ်းရေး အတွက် အဖြေရှာ

မန္တလေးမြို့က သံဃာတော်တွေအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဆောင်ရွက်မှုတွေမှာ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နိုင်မလဲဆိုတဲ့ အဖြေရှာဆွေးနွေးပွဲကို မန္တလေးတိုင်း၊ အမရပူရမြို့၊ သိမ်ကြီးရပ်ကွက်၊ မန္တလေး - စစ်ကိုင်း လမ်းမပေါ်မှာရှိတဲ့ သိင်္ဂီရွှေဝါခန်းမမှာ နိုဝင်ဘာလ ၇ ရက်နေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
2012-11-07
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
mdy_monk_peace_talk_305
မန္တလေးမြို့က သံဃာတော်တွေရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲပုံ
RFA

သံဃာတော်တွေ အခုလို ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအတွက် ပါဝင်ဆောင်ရွက်လာတာဟာ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို တွန်းအားပေးနေတာဖြစ်တယ်လို့ အဲဒီပွဲကို တက်ရောက်လာတဲ့ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က RFA ကို ပြောပါတယ်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ သံဃာတော်တွေအနေနဲ့ ငြိမ်းချမ်းရေးရယူမယ့် နေရာတွေမှာ သွားရောက်တရားဟောပြောတာ၊ ငြိမ်းချမ်းရေးရယူမယ့် အဖွဲ့တွေကြား ကြားဝင်ညှိနှိုင်းဆောင်ရွက်တာတွေ အပါအဝင် အခြား ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားနိုင်ဖို့အတွက် ဒီကနေ့ ကျင်းပတဲ့ အခမ်းအနားကရရှိလာတဲ့ စာတမ်းတွေ၊ သုံးသပ်ချက်တွေကို စုစည်းရယူပြီး အဖြေထုတ်သွားမှာ ဖြစ်ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲကို ရဟန်း သံဃာငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ The Best Friend အဖွဲ့နဲ့ အမရပူရမြို့ မဟာဂန္ဓာရုံ ကျောင်းတိုက်က ဘ၀အလင်း ပရဟိတအဖွဲ့တို့ ပူးပေါင်း ကျင်းပတာ ဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲကို မန္တလေးမြို့က ထင်ရှားတဲ့ ဂဠုန်နီ ဆရာတော် ဦးကာဝိယ၊ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးတေဇောဘာသ တို့ အပါအဝင် ဆရာတော်ကြီးတွေ၊ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၊ မန္တလေးမြို့က ရဟန်း သံဃာတော်တွေနဲ့တကွ နိုင်ငံရေး၊ လူမှုရေးနယ်ပယ်က ထင်ရှားတဲ့သူတွေနဲ့ ပရိသတ် ၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲကိုရောက်နေတဲ့ စာရေးဆရာ မင်းထက်ငြိမ်းချမ်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

Buddist CAN NOT KILL even Insect. Now, Buddist were killed so many Men and Woment in RAKHINE STATE . I think Rakhines are Not BUDDIST

Nov 09, 2012 03:20 AM