တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ကို မိတ္ထီလာမှာ တိုက်ခိုက်မှုရှိခဲ့

မိတ္ထီလာမြို့မှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ NLD ပါတီဝင်ဟောင်း ဒေါ်မြင့်မြင့်အေးက ရွေးကောက်ပွဲ မကျင်းပခင် ၃ ရက်အလိုနဲ့ တစ်ပတ်အတွင်း ကာလတွေမှာ သူ့ကို လောက်လေးခွနဲ့ပစ်တာ၊ ကျောက်ခဲနဲ့ပေါက်ပြီး တိုက်ခိုက်တာတွေ ရှိခဲ့ကြောင်း ပြောပါတယ်။
2012-04-01
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

ဒါ့အပြင် သူ့ရဲ့ မဲရုံကိုယ်စားလှယ်တွေ ကိုယ်တိုင် မဲစာရင်းထဲ အမည်မပါလို့ ပျက်ပြယ်ခဲ့ရကြောင်း၊ အလားတူပဲ မဲစာရင်းအမည် မပေါက်တာတွေ၊ အမှားတွေ ရှိကြောင်း ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။

မိတ္ထီလာမြို့နယ်ဟာ စစ်တပ်အခြေစိုက်တဲ့ မြို့ဖြစ်ပြီး ရှေ့ပိုင်းမှာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်က အသာရနေခဲ့ပြီး နောက်ပိုင်းမှာတော့ အင်အယ်လ်ဒီပါတီက ဦးဝင်းထိန် အနိုင်ရသွားတယ်လို့ သိရပါတယ်။

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်