မဲခေါင်ဒေသ ဖွံ့ဖြိုးရေး ဂျပန်ကူမည်

မဲခေါင်ဒေသ ဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံအပါအဝင် မဲခေါင်မြစ်ဝှမ်းဒေသ ၅ နိုင်ငံကို ဂျပန်နိုင်ငံက ဒေါ်လာ ၇ ဘီလျံကျော်ဖိုး ထောက်ပံ့ ကူညီမယ်လို့နှစ်ဘက်အစိုးရတွေက ကြေညာလိုက်ပါတယ်။

ဂျပန် ဝန်ကြီးချုပ် ယိုရှိဟိကို နိုဒ က မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံ ခေါင်းဆောင်တွေနဲ့ တိုကျိုမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ အရှေ့အာရှဒေသရဲ့ တည်ငြိမ်မှုနဲ ့ကြွယ်ဝမှုဟာ မဲခေါင်ဒေသအပေါ် တည်နေကြောင်း၊ ဂျပန်အစိုးရအနေနဲ့ မဲခေါင်ဒေသနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဂျပန် ဝန်ကြီးချုပ်က ပြောပါတယ်။

ဂျပန်နိုင်ငံက မဲခေါင်ဒေသ ဖွံ့ဖြိုးရေးအတွက် ဒေါ်လာ ၇ ဘီလျံကျော်ကို ၂၀၁၅ နှစ်အထိ သုံးနှစ်အတွင်း ထောက်ပံ့ ကူညီသွားမှာ ဖြစ်ပါတယ်။ အဲဒီလျာထားချက်ထဲမှာ ဒေါ်လာ ဘီလျံ ၃၀ ကို အခြေခံအဆောက်အအုံ တည်ဆောက်ရေး စီမံကိန်း ၅၇ ခုပါဝင်ပါတယ်။ အဲဒီအနက် မြန်မာနဲ့ ထိုင်းနိုင်ငံ အကြား ဆက်သွယ်ဖောက်လုပ်မဲ့ အဝေးပြေး လမ်းမကြီးတစ်ခုလည်း ပါဝင်ပါတယ်။

ပြည်ပပို့ကုန်အပေါ် ဗဟိုပြုနေတဲ့ ဂျပန်စီးပွားရေး တိုးတက်ဖွံ့ဖြိုးဖို့အတွက် လုပ်ခလစာ သက်သာပြီး ရင်းနှီးမြှုပ်နှံ အခွင့်အလမ်းအတွက် ဂျပန်နိုင်ငံက အရှေ့အာရှဒေသမှာ ရှာဖွေဖို့ရည်ရွယ်ထားပါတယ်။