ရုပ်ရှင်မင်းသမီး Michelle Yeoh ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ

2010-12-07

မလေးရှားနိုင်ငံဖွား ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး Michelle Yeoh ဟာ ဒီဇင်ဘာ ၆ ရက် မနေ့က မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

Photo: AFP

ရုပ်ရှင်ဇာတ်လမ်းတွင် ဒေါ်အောင်ဆန်းစုကြည် အဖြစ် သရုပ်ဆောင်မည့် မလေးရှားနိုင်ငံဖွား ကမ္ဘာကျော် ဟောလီးဝုဒ် မင်းသမီး မစ်ရှယ်လ် ယို။ (Photo: AFP)

ပြင်သစ် ဒါရိုက်တာတဦး ရိုက်ကူးတဲ့ ရုပ်ရှင်ကားမှာ သူ သရုပ်ဆောင်မဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇာတ်ကောင်နေရာအတွက် မြန်မာနိုင်ငံကို လာရောက်ပြီး လေ့လာတယ်လို့လည်း သိရပါတယ်။

Ms. Yeoh ဟာ ဒေါ်အောင်ဆန်းစုကြည် ဇာတ်ကောင်အဖြစ် နမူနာသရုပ်ဆောင်ထားတဲ့ ဓာတ်ပုံတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြခဲ့တယ်လို့ NLD ပြောခွင့်ရ ပုဂိုလ် ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။

“မနေ့က နေ့ခင်း အန်တီ့အိမ်မှာ ရောက်နေပါတယ်။ ညနေ ၆ နာရီ၊ ၇ နာရီမှ ပြန်ပါတယ်။ တနေ့လုံးလိုလို ရှိပါတယ်။ ဒေါ်စုနဲ့တော့ သူ ပြောတာ သီးခြားဖြစ်ပါတယ်။ သူ ကိုင်လာတဲ့ ကင်မရာထဲမှာ ရုပ်သေပုံတွေပေါ့၊ ရုပ်ရှင် သူရိုက်တာမှာ ဒေါ်စု အဝတ်အစားမျိုးနဲ့ ဘာနဲ့ အရမ်းတူတာပဲ။”

မင်းသမီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တနေ့လုံး နီးပါး တွေ့ဆုံခဲ့ကြပြီး ဒီကနေ့ ညနေမှာ ဒေါ်အောင်ဆန်းစုကြည်က ညစာနဲ့ တည်ခင်း ဧည့်ခံခဲ့တယ်လို့ သိရပါတယ်။

မင်းသမီး မစ်ရှဲ ယိုဟာ ဒီကနေ့မနက်မှာ ဗန်ကောက်မြို့ကို ပြန်လည် ထွက်ခွာသွားပြီလို့ သိရပါတယ်။

မင်းသမီး မစ်ရှဲလ် ယိုဟာ ကမ္ဘာကျော် ရုပ်ရှင်ကားတွေဖြစ်တဲ့ Tomorrow Never Dies, Hidden Dragon, Crouching Tigers မှာ နာမည်ကျော် မင်းသားတွေနဲ့အတူ စွန့်စားခန်းတွေကို ကိုယ်တိုင် သရုပ်ဆောင်သူအဖြစ် နာမည်ကြီးသူ ဖြစ်ပါတယ်၊။ ဒီအကြောင်း ဦးဉာဏ်ဝင်းကို RFA က မခင်ခင်အိ ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

နားထောင်ရန်
အသံဖိုင်ယူရန
အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ILO ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်

ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ထူးဆောင်ဘွဲ့ တခု ထပ်မံရရှိ

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ဆက်ထားမယ်လို့ မစ္စစ် ကလင်တန် ပြောဆို

ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ် အိုင်ယာလန်နိုင်ငံ ပါဝင်

မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂရဲ့ စီမံကိန်းမူကြမ်း ရှင်းလင်းပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေးခရီးစဉ် ဓာတ်ပုံများ ပြသရောင်းချပွဲ ကျင်းပ

ဒီမိုကရေစီ အတွေ့အကြုံနှင့် စာနယ်ဇင်း သင်တန်းပို့ချ

ငြိမ်းချမ်းရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖို့ တိုင်းရင်းသားအဖွဲ့များ ဆန္ဒရှိ

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပိုလန် ၀န်ကြီး စာနယ်ဇင်းပွဲ တက်ရောက်

ကျောင်းသားသမဂ္ဂ ပွင့်ပွင့်လင်းလင်း တည်ရှိရေး ဥပဒေကြောင်းအရ ဒေါ်အောင်ဆန်းစုကြည် ကူညီမည်