ထိုင်း လုပ်ငန်းရှင်ပေါင်း ၁ သိန်း ၃ သောင်းကျော်က မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို အလုပ်သမားပေါင်း ၈-သိန်းခွဲကျော်ကို မှတ်ပုံတင်ခဲ့ကြတာ ဖြစ်ပြီး အဲဒီ အထဲမှာ ကမ္ဘောဒီးယား နိုင်ငံသား ၂-သိန်းနီးပါးနဲ့ လာအို ၈-သောင်းခန့်တို့ ပါဝင်ပါတယ်။ မြန်မာ အလုပ်သမား အများဆုံး မှတ်ပုံတင်တဲ့ ဘန်ကောက်မြို့ အမှတ် ၇ ရုံးရဲ့ ညွှန်ကြားရေးမှူး ခွန် ဖိရိုင်ဆန် က “ဒီနေ့အထိ နောက်ဆုံးလာ မှတ်ပုံတင်တာ ၃ သောင်းခွဲ ရှိပါတယ်။ အဲဒီ အထဲမှာ မြန်မာ ၂ သောင်းခွဲ ပါပါတယ်” လို့ ပြောပါတယ်။ အလုပ်သမား ဘတ်လက်မှတ် ပြုလုပ်တဲ့ အချိန်ကာလ သတ်မှတ်ချက်ကို ထပ်မံ သက်တမ်း တိုးပေးမယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေတာ မမှန်ကန်ကြောင်း၊ ၁၄ ၇က်နေ့ဟာ နောက်ဆုံး ဖြစ်ကြောင်းလည်း ညွှန်ကြားရေးမှူး က ပြောသွားပါတယ်။ အခုလို မှတ်ပုံတင် စာရင်းသွင်းမှုတွေ ပြီးစီးသွားပေမယ့် အလုပ်သမားတွေ အနေနဲ့ ကျန်းမာရေး စစ်ဆေးမှု ခံယူကာ အလုပ်သမား ဘတ်လက်မှတ် လက်ဝယ် ပိုင်ဆိုင်မှု ရဖို့ ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ညွှန်ကြားထား ပါတယ်။