ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့က တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းအဝေးမှာ တက်ရောက်နေတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA ရဲ့ သတင်းတွေကို သတင်းမီဒီယာအားလုံးက ဖော်ပြခြင်းမပြုဖို့ အစိုးရ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က မြန်မာနိုင် ငံ စာနယ်ဇင်းကောင်စီ(ယာယီ)ထံ ဒီနေ့ အကြောင်း ကြားလိုက်ပါတယ်။
ကိုးကန့်တပ်မတော် MNDAA ဟာ မတရားအသင်း အဖြစ် သတ်မှတ်ခံထားရတဲ့ အဖွဲ့အစည်းဖြစ် တာကြောင့် အဲဒီ အဖွဲ့တွေရဲ့သတင်းတွေကို ဖော်ပြမယ် ဆိုရင် မတရား အသင်းဆက်သွယ်မှုနဲ့ ငြိစွန်းနိုင်တယ် ဆိုပြီး သတိပေးထားတာဖြစ်တယ်လို့ စာနယ် ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးမြင့်ကျော်က ပြောပါတယ်။
MNDAAနဲ့ ပတ်သက်တဲ့ သတင်းတွေနဲ့ ထုတ်ပြန်ကြေညာချက်တွေကို ထည့်သွင်း ဖော်ပြမယ်ဆိုရင် တည်ဆဲ ဥပဒေတွေနဲ့အညီ အရေးယူမှာဖြစ်ကြောင်းလည်း တပ်မတော်ရဲ့ အကြောင်းကြားစာမှာ ပါရှိပါတယ်။ ဒီလိုသတိပေး တာဟာ သတင်းလွတ်လပ်ခွင့်ကို ကန့်သတ်တာဖြစ်တယ်လို့ ဝေဖန်မူတွေ ထွက်ပေါ်လာပါတယ်။
ပန်ဆန်းမြို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေရဲ့ အစည်းအဝေးကို ဒီလ ၁ ရက်နေ့က စပြီး ၆ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။
အဲဒီအစည်းအဝေးကို ကရင်အမျိုးသား အစည်းအရုံး KNU၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIO၊ ရက္ခိုင့် တပ်မတော် AA၊ တအာင်း ပလောင် လွတ်မြောက်ရေးတပ်မတော် TNLA၊ မွန်ပြည်သစ်ပါတီ NMSP၊ ရှမ်းပြည်ပြန် လည် ထူထောင်ရေး ကောင်စီ RCSS/SSA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA၊ မြန်မာအမျိုးသား ဒီမိုကရက် တစ် မဟာမိတ် တပ်မတော် MNDAA စတဲ့ လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်နေ ပါတယ်။
လက်ရှိအနေနဲ့ မတရားသင်း ဆက်သွယ်မူ ပုဒ်မ ၁၇(၁)ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ အစိုးရပြု လုပ်နေ တဲ့ငြိမ်းမချမ်းရေးလုပ်ငန်းစဉ်တွေကိုပါ ထိခိုက်နိုင်တဲ့အတွက် ဒီပုဒ်မကို ဖျက်သိမ်းပေးဖို့ တိုင်းရင်းသား အဖွဲ့တွေဘက်ကလည်းတောင်းဆိုထားပါတယ်။
လက်ရှိအနေနဲ့ ကချင်ပြည်နယ်၊နဲ့ ရှမ်းပြည်နယ်အတွင်းမှာ အစိုးရနဲ့ တိုက်ပွဲများ ဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်များနဲ့ ဆက်သွယ်တဲ့အမူ၊ ပုဒ်မ၁၇-၁နဲ့ အရေးယူခံထားရတဲ့ ဒေသခံရွာသူရွာသား အများအပြား ရှိတယ်လို့သိရပါတယ်။
ဒီအကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီယာယီက ဦးဇော်သက်ထွေးနဲ့ ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်း ချက်ကိုလည်း နားဆင်နိုင်ပါတယ်။
