အရင်အစိုးရ လက်ထက်က အုပ်ချုပ်ရေး အာဏာပိုင်တချို့ဟာ တောင်သူတွေဆီက လယ်ယာမြေတွေကို သိမ်းယူထားြပီး မိသားစုဝင်နာမည်တွေနဲ့ ပိုင်ဆိုင်မှုတွေ ပြုလုပ်ထားကြတယ်လို့ ပြည်သူ့လွှတ်တော် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒုတိယ ဗိုလ်မှူးြကီးစောရွှေက ဒီကနေ့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အဲဒီ အုပ်ချုပ်ရေး အာဏာပိုင်တချို့ဟာ သိမ်းထားတဲ့လယ်တွေကို သီးစားချထားတာတွေလည်းရှိတယ်လို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ (၈) ရဲ့ ဥက္ကဌလည်းဖြစ်သူ ဒုတိယ ဗိုလ်မှူးြကီး စောရွှေက RFA ကို ပြောပါတယ်။
"အခုလောလောဆယ်က ကျနော်အခုသွားစစ်တဲ့ အထဲမှာလည်းရှိတယ်၊ ထွေအုပ်ရယ်၊ ရဲရယ်၊ မြေစာရင်းရယ်စသဖြင့် အာဏာပိုင်တွေက ယူပြီးတော့မှ သူတို့ကသီးစားချထားတာ အပိုင်း(၃)မှာ အဲဒါတွေကို ပြန်ပေးသင့်ပါတယ်လို့၊ အရင်အစိုးရတုန်းကတော့ ယူကြတာပေါ့ဗျာ၊ အုပ်ချုပ်ရေးအပိုင်းတွေက သူ့နာမည်နဲ့ မယူတာတောင်မှ အမျိုးသမီးနာမည်နဲ့ သားနာမည်နဲ့ အဲဒါတွေယူထားတဲ့ တိုင်စာတွေပါတယ်၊ အဲဒါကတော့ အဓိပ္ပာယ်မရှိဘူးလေ၊ သူတို့အာဏာရှိတုန်းယူတာ၊ ဒီခေတ်မှာတော့ ကျနော်တို့ကဒါတွေကို စစ်ဆေးပြီးတော့မှ ပြန်ပေးရမယ်လေ ပြည်သူပိုင်တာ"
စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ (၈) အနေနဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်းက လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုတွေကို အဓိကထားစစ်ဆေးခဲ့တာပါ။ အဲဒီပြည်နယ်နှစ်ခုမှာတင် ဆက်လက်စစ်ဆေးဖို့ အမှုပေါင်း ၂ဝဝ ကျော် ကျန်ရှိနေတယ်လို့လည်းဆိုပါတယ်။
ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက် နှစ်နှစ်ဆယ်ကျော်ကာလအတွင်း တစ်နိုင်ငံလုံးမှာရှိတဲ့ လယ်ယာမြေ ဧက သိန်း ၂ဝ ခန့်ကို အကြောင်းပြချက်အမျိုးမျိုးနဲ့ သိမ်းယူထားတယ်လို့ သိရပါတယ် ။
ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ လယ်ယာမြေ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အပိုင်းအလိုက် တင်ပြချက်တွေအပေါ် ဆက်လက်အရေးယူဆောင်ရွက်ပေးရေးနဲ့ ပတ်သက်လို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက အတည်ပြုခဲ့ပါတယ်။
ဒီအကြောင်းကို RFA သတင်းထောက် ကိုကျော်သူ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
