ကိုမင်းကိုနိုင် နှစ် (၅၀) ပြည့်မွေးနေ့ အလှူဒါန ပြု

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ နှစ် (၅၀) ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ဟာ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇန ဥယျာဉ်မြို့တော်မှာ ဖွင့်လှစ်ထားတဲ့ ထိန်လင်း ကုသိုလ်ဖြစ် ဆေးခန်း ဆိုင်းဘုတ်တင်ပွဲနဲ့ စာကြည့်တိုက်ဖွင့်ပွဲကို ဒီကနေ့ သွားရောက် အလှူဒါန ပြုခဲ့ပါတယ်။
2012-10-18
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
min-ko-naing-50th-birthday-101812-b305
ထိန်လင်းကုသိုလ်ဖြစ်ဆေးခန်း ဆိုင်းဘုတ်တင်ပွဲနှင့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်ရဲ့ မွေးနေ့အမှတ်တရ ကွန်ပြူတာသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပနေစဉ်။
RFA

၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ နွေဦးနှလုံးသား ပန်းချီပြပွဲက ရရှိခဲ့တဲ့ ရန်ပုံငွေတွေကို ထိန်လင်းကုသိုလ် ဖြစ်ဆေးခန်းကို လှူဒါန်းခဲ့ပြီး ထိန်လင်းအခမဲ့ ကွန်ပြူတာ သင်တန်း အတွက် ကွန်ပြူတာ (၁၀) လုံးကိုလည်း လှူဒါန်းခဲ့ပါတယ်။

ဒီကနေ့ လှူဒါန်းခဲ့တဲ့ အလှူပစ္စည်းတွေကို ကျောင်းသား ကျောင်းသူတွေ ထိရောက်စွာ အသုံးပြုနိုင်အောင် မိဘတွေက တွန်းအားပေးကြဖို့ကို ကိုမင်းကိုနိုင်က သူ့ရဲ့ မွေးနေ့ အမှတ်တရ စကားပြောရာမှာ ထည့်သွင်း ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ထိန်လင်းကုသိုလ်ဖြစ် ဆေးခန်းဖွင့်ပွဲနဲ့ ကိုမင်းကိုနိုင်ရဲ့ မွေးနေ့ပွဲ အခမ်းအနားမှာ ကိုမင်းကိုနိုင်က ဒေသခံတွေနဲ့ အဓိက တွေ့ဆုံခဲ့ပါတယ်။ ဒီပွဲကို နာမည်ကျော် အနုပညာရှင် ပြေတီဦး အပါအ၀င် နာမည်ကြီး အနုပညာရှင်တွေလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ကိုမင်းကိုနိုင်ကို အာအက်ဖ်အေ ၀ိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (2)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

Tin Mg Tun

Happy Birthday KMKN.

Oct 18, 2012 10:33 PM

Win Win

Wishing you a very very happy birthday and many more to come.

Oct 18, 2012 08:09 PM