အရပ်ဘက် အဖွဲ့အစည်းတွေ အားကောင်းလာဖို့ဆိုရင် ပညာရေးမှာ သမိုင်းအမှန်ကို သင်ပြပေးနိုင်ဖို့ လိုအပ်တယ်လို့ ကိုမင်းကိုနိုင်က ဟောပြောပွဲမှာ အလေးထား ဟောပြောပါတယ်။
"တိုင်းပြည်တပြည်ကို တည်ဆောက်ရင် ပြည်သူပါမှ ရမယ်ဆိုတာ သက်ဆိုင်ရာ အာဏာ ၃ ရပ်က လူတိုင်း သိထားဖို့ လိုသလို ကျွန်တော်တို့ ကိုယ်တိုင်လည်း ရှင်းရှင်း မြင်ကြဖို့ ကျွန်တော် ဒီကနေ့ ဒါကို ရည်ရွယ်ပါတယ်။ အရပ်ဘက်လူ့အဖွဲ့အစည်း အားကောင်းဖို့ ဘာကြောင့်လိုသလဲ ဆိုတဲ့ အချက်တွေဟာ သမိုင်းမှန်သင်ကြားရေးအတွက်လည်း လိုလို့ပါ။ သမိုင်းမှန်သင်နိုင်မှ အမှန်ကို သိမှ နောက် ကလေးတွေ ကျောင်းသားတွေဟာ အမှားကို ခွဲခြားနိုင်မယ်။ သူတို့ ဥာဏ်နဲ့ သူတို့ ဆက်ပြီး ဆင်ခြင်နိုင်လိမ့်မယ်။ အနာဂတ်နိုင်ငံကို သူတို့ စိတ်ကြိုက် ဒီဇိုင်းဆင်ပါလိမ့်မယ်။"
အဲဒီဟောပြောပွဲကို နေ့လည် (၂) နာရီကနေ ညနေ (၄) နာရီ အထိ ကျင်းပခဲ့ဖြစ်ပြီး လူဦးရေ (၃၀၀) နီးပါးလောက် တက်ရောက်ခဲ့ပါတယ်။ ဟောပြောပွဲအပြီးမှာ ပရိသတ်တွေနဲ့ အမေးအဖြေ အစီအစဉ် တစ်ခုကိုလည်း ထည့်သွင်း ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ကိုမင်းကိုနိုင်နဲ့ RFA အဖွဲ့သူ မခက်မာ ဆက်သွယ်မေးမြန်းချက်ကို နားဆင်ပါ။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန်။ |