အာဇာနည်နေ့ မင်းကိုနိုင်ဟောပြော

ကိုမင်းကိုနိုင် အပါအ၀င် (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဦးဆောင်ဟောပြောတဲ့ အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်တိုင်း သုံးခွမြို့နယ် ပျဉ်းမကန် စံပြကျေးရွာက ကိုးန၀င်း ဓမ္မာရုံမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပြီး ပရိသတ် ၄၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
2012-07-19
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
min-ko-naing-pyinmakan-b305
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်က ရန်ကုန်တိုင်း သုံးခွမြို့နယ် ပျဉ်းမကန် စံပြကျေးရွာ ကိုးန၀င်း ဓမ္မာရုံတွင် ကျင်းပသည့် အာဇာနည်နေ့ အခမ်းအနား၌ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ဟောပြောနေစဉ်။
RFA

ကျေးရွာပေါင်း (၁၀) ရွာ ပူးပေါင်းပြီး ပထမဆုံး ပြုလုပ်တဲ့ အဲဒီအခမ်းအနားမှာ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အာဇာနည်တွေနဲ့ ပတ်သက်လို့ အခုလို ပြောကြားခဲ့ပါတယ်။

"အသက်ပေးတိုင်းလည်း အာဇာနည် မဖြစ်ပါဘူး။ တိုင်းပြည်အတွက် အသက်ပေးသွားတဲ့ ပုဂ္ဂိုလ်တွေ အများကြီးရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမသေခင်မှာ လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်တွေ အားလုံး အပေါ်ခြုံပြီးတော့ နောက်ဆုံးကျတော့ အဆုံးအဖြတ် ပေးတယ်။ ဒါကြောင့် အသက်ပေးတိုင်းမှာ မဖြစ်တဲ့ အာဇာနည်တွေရဲ့ ကျေးဇူးကို ကျွန်တော်တို့ သတိတရနဲ့ ဒီနေ့လာပြီးတော့ စုဝေးတာပဲ"

(၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ သန်လျင်မြို့ အာဇာနည် ကျောက်တိုင်မှာ ပြုလုပ်တဲ့ အလေးပြု အခမ်းအနားကိုလည်း တက်ရောက်အလေးပြုခဲ့ကြပါတယ်။ အဲဒီ အလေးပြုပွဲကို လူ ၂၀၀၀ လောက်တက် ရောက်ခဲ့ပြီး၊ အစိုးရ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေလည်း အဲဒိကျောက်တိုင်မှာ အာဇာနည်နေ့ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ ညနေပိုင်းမှာတော့ ရွှေတိဂုံဘုရား မြောက်ဘက်မုခ်က အာဇာနည်ကုန်းကို သွားရောက် ပန်းခွေချ အလေးပြုခဲ့ကြတယ်လို့လည်း သိရပါတယ်။

ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

than Wi

နေရပ်- 88 G Dawei) (Dawei

ကြိက်တယ်ဗျာ၊ကွှနုပ်တို့ထားဝယ်မှာလည်းလုပ်တယ်ဗျ၊

Jul 19, 2012 11:25 AM