ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကွန်ကော်ကျေးရွာနဲ့ကောင်းနိမ့်ကျေးရွာကြားမှာ မိုင်းတစ်လုံးပေါက် ကွဲတာကြောင့် နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။
မန်ခေါက်ကျေးရွာက ဒေသခံ ၂၂ ဦးဟာ ခွန်ငင်းကျေးရွာကိုအသွားမှာ ကွန်ကော်နဲ့ ကောင်းနိမ့်ရွာကို ဖြတ်လာစဉ် မိုင်းပေါက်ကွဲတာဖြစ်တာလို့အဲ့ဒီအဖွဲ့မှာပါတဲ့ ကိုစန်းဦး က ပြောပါတယ်။
"ကျနော်တို့က မန်ခေါက်အုပ်စုကနေ ကွန်ကော်အုပ်စုကိုဖြတ်မလို့ ကြားထဲမှာမိသွားတာ၊့ကောင်းနိမ့်ရွာ ကို ဖြတ်လာတာ လမ်းမကြီးပေါ့၊ လေးစီးတော့ ကျော်သွားပြီ၊ ငါးစီးမြောက်မှာ မိုင်းကကွဲသွားတာ ၊ နှစ်ယောက်ကဆုံးသွားပြီ၊ ယောကျာ်လေး တစ်ယောက်၊ မိန်းကလေး တစ်ယောက် ဆုံးသွားပြီ ၊ နှစ်ယောက်က ဒဏ်ရာရတယ်၊ ဆေးရုံးပို့ထားတယ်"
မိုင်းပေါက်ကွဲတာကြောင့် ဒဏ်ရာရသူနှစ်ဦးဟာ ကျောက်မဲဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။
မိုင်းပေါက်ကွဲမှုဖြစ်ခဲ့တဲ့ နေရာတဝိုက်ဟာ RCSS နဲ့TNLAတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာဖြစ်တယ် လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ဧပြီလ ၂၆ ရက်နေ့ကလည်း ကွန်ကော်ကျေးရွာအုပ်စု တော့ဖယ်ရွာမှာ မိုင်းတစ်လုံး ပေါက်ကွဲတာကြောင့် ကမ္ဘာလှည့် ခရီးသွားနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
