ပြန်ကြားရေးနဲ့ ကျန်းမာရေး ဝန်ကြီးတွေ နှုတ်ထွက်


2014.07.29
u-thein-sein-meeting-b305 နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီအဖွဲ့ဝင်များနဲ့ တွေ့ဆုံစဉ်။
Photo: Myanmar President Office

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ကျန်းမာရေးဝန်ကြီး ဒေါက် တာ ဖေသက်ခင် တို့ကို နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ဇူလိုင် ၂၉ ရက် မနေ့က ကြေညာလိုက်ပါတယ်။

နိုင်ငံတော် သမ္မတရုံးရဲ့ကြေညာချက်မှာ ဒီဝန်ကြီး ၂ ဦးကို သူတို့ရဲ့ သဘောဆန္ဒအလျောက် ရာထူး က နှုတ်ထွက်ခွင့် ပြုလိုက်တယ်လို့ပဲဖေါ်ပြထားပြီး တခြားရှင်းလင်းချက် သို့မဟုတ် မည်သည့်ပုဂ္ဂိုလ်တွေ ကို အဲဒီလစ်လပ်သွားတဲ့ ပြန်ကြားရေးနဲ့ ကျန်းမာရေး ဝန်ကြီးတာဝန်တွေ ပေးအပ်တယ်ဆိုတာတော့ ပါဝင်ခြင်း မရှိပါဘူး။

မီဒီယာစာနယ်ဇင်းတွေအပေါ် ဖိနှိပ်မှုတွေများပြား လာနေတဲ့အတွက် မြန်မာပြည်ရဲ့ ဒီမိုကရေစီပြောင်း လဲမှုတွေ နောက်ပြန်ဆုတ်သွားမှာကို ပြည်တွင်းပြည်ပ စိုးရိမ်ပူပန်မှုတွေ တိုးပွားလာနေစဉ်အတွင်း အခုလို ဝန်ကြီး ၂ ဦး ရာထူးကနှုတ်ထွက်တဲ့ သတင်းပေါ်ထွက်လာ တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝါဒကို လေ့လာဖို့ ဝါရှင်တန် ဒီစီ ကို အခုလတ်တလော လာရောက်ခဲ့တဲ့ ပြန်ကြားရေး ဒု ဝန်ကြီး ဦးရဲထွဋ်ကတော့ အဲဒီလိုစိုးရိမ်စရာမရှိကြောင်း RFA ကို ပြောကြားခဲ့ပါတယ်။

မနေ့ကရက်စွဲနဲ့ နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ခဲ့တဲ့ တခြားကြေညာချက်တခုမှာတော့ ကာကွယ်ရေးဦးစီးချုပ်ရုံး က ဗိုလ်ချုပ် တင်အောင်ချစ်ကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည် လို့ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။