အထူးသဖြင့် လုံထိန်းရဲတပ်ဖွဲ့လို လူ့အခွင့်အရေးကိုဖိနှိပ်တဲ့ ယန္တရားမျိူးတွေကို တိုးချဲ့ဖို့မလိုအပ်ကြောင်း၊ ဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့အင်အားနဲ့ ဥပဒေကျွမ်းကျင်သူများသာ လိုအပ်ကြောင်း၊ သမဝါယမ ဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာနတွေ ဖွဲ့စည်းပုံကို သုံးသပ်သင့်ကြောင်း အမျိူးသား လွှတ်တော်ကိုယ်စားလှယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က မနေ့က တင်ပြဆွေးနွေးခဲ့ပါတယ်။
ဝန်ကြီးဌာနတွေအနေနဲ့ ပြင်ဆင်ပြောင်းလဲမှုတချိူ့ လုပ်ဆောင်နေကြောင်း သက်ဆိုင်ရာ ဝန်ကြီးက ပြန်လည်ရှင်းပြခဲ့တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။
ဒီမိုကရေစီနဲ့ တိုင်းရင်းသားအရေးကို လိုလားတဲ့ လွှတ်တော်အမတ်တွေအနေနဲ့ ပြည်သူတွေအတွက် အကျိုးရှိစေမယ့် ဥပဒေပြဋ္ဌာန်းချက်တွေ ဖြစ်လာအောင် အခုလို အဆိုပြုချက်တွေကို တင်သွင်းရတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒေါက်တာအေးမောင်ဟာ အမျိူးသားလွှတ်တော်ရဲ့ နိုင်ငံသားများ မူလအခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌတာဝန် ယူထားပါတယ်။