ဝန်ကြီးဌာနများ ဖြည့်စွက် ဘတ်ဂျက်တောင်းခံမှု များပြားလွန်း


2014.10.24
khin-sandar-min-305.jpg ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကို RFA အဖွဲ့သား ဦးခင်မောင်စိုး တွေ့ဆုံမေးမြန်းစဉ်
Photo: RFA

၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ ဖြည့်စွက် ဘတ်ဂျက်ငွေ တောင်းခံတဲ့ဝန်ကြီးဌာနတွေ အများအပြား ရှိပြီး သမဝါယမ ဝန်ကြီးဌာနက မူလခွင့်ပြုထားတဲ့ ဘဏ္ဍာငွေ ထက် ၆၀၀% ကျော် ထပ်မံတောင်းခံတယ် လို့ ဇမ္ဗူသီရိမြီု့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်စန္ဒာမင်းက ပြောကြားလိုက်ပါတယ်။

အဲဒီလိုဖြည့်စွက်ဘတ်ဂျက်ငွေ တောင်းခံတဲ့အထဲမှာ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနဲ့ သစ်တောဝန်ကြီးဌာနနဲ့ ဟိုတယ်ခရီးသွားလာရေး ဝန်ကြီးဌာနတွေ အပြင် နေပြည်တော် စည်ပင်သာယာအဖွဲ့ ကလည်း နေပြည်တော်မှာ ဗိုလ်ရှုခံစင်မြင့်ဆောက် လုပ်ဖို့ဆိုပြီး ကျပ်သန်းပေါင်း ၆၀၀၀ ကျော်တောင်းခံထား တယ်လို့ ဒေါ်စန္ဒာမင်းက ပြောပါတယ်။

"အဲဒါက နဂိုတုန်းက ၂ဝ၁၄-၂ဝ၁၅ ဘတ်ဂျက်တုန်းက မတောင်းပဲနဲ့ ထပ်မံပြီး အသုံးစရိတ်ကျမှ ဒီဟာကိုတင်ပြလာတာတွေ့ပါတယ်၊ ကျမတို့စစ်ဆေးကြည့်လိုက်တဲ့ အခါမှာ လျှပ်စစ်လိုင်းသွယ်တာတွေ၊ ဆိုဖာခုံတွေ၊ နောက်ဆုံးပြောရရင် စကားပြောတဲ့ ဒီကျွန်းစားပွဲလေး တစ်ခုတောင် သိန်း ၃ဝ တန် ပြထားတာတွေ့ပါတယ်၊ ပစ္စည်းတွေကို ကုမ္ပဏီကနေလာပြီးတေ့ာ ဆောင်ရွက်ပေး တယ်ဆိုလို့ရှိရင် ကုမ္ပဏီကားနဲ့ပဲ လာရမှာပေါ့၊ ဒါပေမဲ့ အဲ့လိုတောင်မဟုတ်ပါဘူး၊ သယ်ယူစရိတ်တောင် ၁ဝ သိန်းတောင်ပြထားတာ တွေ့ပါတယ်"

အခုလိုနေပြည်တော်စည်ပင်က တောင်းခံတဲ့ငွေများထဲမှာ ပညာရေးဝန်ထမ်းတွေနဲ့ ဝေးလံတဲ့သေတွေမှာရှိတဲ့ ချို့တဲ့ကျောင်းများအတွက် အသုံးပြုမယ်ဆိုရင်ပိုပြီး အဆင်ပြေမှာဖြစ်တယ်။ ဒီကိစ္စအတွက် လာမယ့်လွှတ်တော်စည်းဝေးပွဲမှာ တင်ပြသွားမယ်လို့ ဒေါ်စန္ဒာမင်းက RFA ကိုပြောပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကို RFA အဖွဲ့သား ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။