H1N1 ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ် တွေ့ရှိတယ်ဆိုတဲ့ သတင်းတွေကြောင့် မြန်မာနိုင်ငံ စစ်တွေခရိုင်နဲ့ အိန္ဒိယနိုင်ငံ တြိပူရ ပြည်နယ်က ကြက်သားနဲ့ ကြက်ဥတွေကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲ တင်သွင်းခွင့် မနေ့ကစပြီး ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
ကြက်သားနဲ့ ကြက်ဥတွေ နယ်စပ်ဖြတ်ကျော် တင်သွင်းမှုကို ပိတ်ထားလိုက်ပြီး ရောဂါ ဖြစ်ပွားမှု အခြေအနေကို အထူးသတိနဲ့ စောင့်ကြည့်ကြဖို့ နယ်စပ်ဒေသက တိ-မွေး-ကု ဌာနတွေကို အိန္ဒိယ ဗဟိုအစိုးရက နှိုးဆော်လိုက်ပါတယ်။
မြန်မာနိုင်ငံ စစ်တွေခရိုင်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း မြန်မာအစိုးရက ထုတ်ပြန်ခဲ့ပြီး အိန္ဒိယနိုင်ငံ တြိပူရပြည်နယ်က ဘဲမွေးမြူရေး ခြံတခြံမှာ အခုလ ၉ ရက်နေ့က ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ကြောင်း တြိပူရ ပြည်နယ်အစိုးရက ကြေညာခဲ့ပါတယ်။
တြိပူရပြည်နယ်မှာ တွေ့ရတဲ့ ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုးဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က ကူးစက်လာတယ်လို့ အိန္ဒိယ ကျန်းမာရေးဌာနက ခန့်မှန်းပြောဆိုပါတယ်။
|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
မှတ်ချက်များ
Click here to add your own comment