မိန်းမပျို ရောင်းစားတဲ့ မြန်မာနှစ်ဦးကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး

ထိုင်း-မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ စံခလဘူရီမြို့မှာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေရတဲ့ အသက် ၁၈ နှစ် မပြည့်သေးတဲ့ အမျိုးသမီး ၃ ယောက် အပါအဝင် မြန်မာအမျိုးသမီး ၁၈ ယောက်နဲ့အတူ လူပွဲစား မြန်မာနိုင်ငံသား ၂ ယောက်ကို ဒီဇင်ဘာ၂၅ ရက်နေ့ညက ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးနိုင် ခဲ့တယ်လို့ သိရပါတယ်။
2012-12-26
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
humantrafficking_305
စံခလဘူရီမြို့တွင် ဒီဇင်ဘာ ၂၅ ရက်နေ့ ညဘက်က ပြည့်တန်ဆာလုပ်ငန်း အတင်းအဓမ္မ သွတ်သွင်းခံရသူ မြန်မာအမျိုးသမီး ၁၈ ယောက် ကို ထိုင်းရဲတပ်ဖွဲ့ဝင်များက ကယ်ထုတ်လာပုံ
Photo: RFA

မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့နယ်ဖက်ကနေ တရားမဝင်ခေါ်သွင်းလာတဲ့ မြန်မာအမျိုးသမီးတွေဟာ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စံခလဘူရီမြို့နယ်မှာ ပြည့်တန်ဆာ အလုပ်လုပ်ကိုင်နေရကြောင်း ဘန်ကောက်အခြေစိုက် ထိုင်းလူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ကို တိုင်ကြားလာတဲ့အတွက် ကွင်းဆင်းစုံစမ်းမှုတွေ ပြုလုပ်ပြီးနောက် အခုလို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ ထိုင်းလူကုန်ကူးမှု တားဆီးကာကွယ်ရေးရုံးက အရာရှိတစ်ဦးက RFA ကို  ပြောပါတယ်။

ပြည့်တန်ဆာအလုပ် လုပ်ကိုင်နေရတဲ့ မြန်မာအမျိုးသမီးတွေကို နောင်လူးရပ်ကွက် အုပ်စုအတွင်းမှာ ဒီဇင်ဘာ ၂၅ ရက်နေ့က ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ ဝင်ရောက်ရှာဖွေခဲ့ရာမှာ မနွေး ဆိုတဲ့ အသက် ၃ဝ အရွယ် မြန်မာအမျိုးသမီးကို တွေ့ပါတယ်။ အသက် ၁၈ နှစ်မပြည့်သေးတဲ့ အမျိုးသမီး ၃ ဦးထံက သိရှိထားတာက မနွေးကနေပြီး လာရှာတဲ့ ဧည့်သည်တွေကို တစ်ယောက်ကို ဘတ်ငွေ ၁၅ဝဝ နဲ့ လိုက်အိပ်ခိုင်းတယ်။ လာအိပ်တဲ့ ဧည့်သည်တွေ လာရှာပြီဆိုရင် မနွေးက ပြည့်တန်ဆာ အလုပ်လုပ်နေရတဲ့ အမျိုးသမီးတွေကို ထိန်းသိမ်းထားတဲ့ ကိုသိန်းကျော် ဆိုတဲ့သူထံကို တဆင့်ပို့ပေးတယ်။ ကျနော်တို့က ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်ကြောင်း သက်သေအထောက်အထားတွေနဲ့ မနွေး နဲ့ ကိုသိန်းကျော် တို့ကို ဖမ်းဆီးခဲ့တယ်"

ထိုင်းနိုင်ငံကို ဘယ်လိုရောက်ရှိလာပြီး အခုလို အလုပ်လုပ်ကိုင်နေရတယ်ဆိုတာတွေ မေးမြန်းဖို့ အဲဒီမြန်မာအမျိုးသမီးတွေကို ဘန်ကောက် လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဌာနကို ခေါ်ဆောင်သွားပြီး ပြီးရင် မြန်မာနိုင်ငံကို ပြန်ပို့ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

လူကုန်ကူးမှုလုပ်ကိုင်နေတဲ့ မနွေးနဲ့ ကိုသိန်းကျော်တို့နှစ်ဦးကိုတော့ လူကုန်ကူးမှု၊ ထိုင်းနိုင်ငံထဲ တရားမဝင်ခေါ်ဆောင်လာမှုစတဲ့ အမှု ၅ ခုနဲ့ တရားစွဲဆိုပြီး ဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့  ထိုင်းလူကုန်ကူးမှု တားဆီးကာကွယ်ရေးဌာနက အရာရှိက ပြောသွားပါတယ်။

ကွန်မင့်များ (4)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ


ပြင်းပြင်းထန်ထန်ကိုအရေးယူစေချင်တယ်

Jan 02, 2013 04:37 PM

decolonizationofburmaarakan

WOE! how disgusting it is. right now where is the blind patriots of myanmarese and rakhine buddhists ko ko g, mya aye, aye maung,ayye chant who boastfully bark against the rohingya muuslim who sometimes marry buddhist women and make them muslim. my ideology, it is much more better to make one to refrain from going into prostitution.let the virgin marry to whom they like is the ever best resolution to tackle such wicked incidents.muslim takes the responsibility of women from head to feet.

Dec 27, 2012 11:07 AM

အမည်မဖော်လိုသူ

အဲလို လူမျိုးတွေရှိနေလို့ ကိုရဲ့ လူမျိုးတွေ ခေါင်းမဖေါ်ရဲတာ ကိုလူမျိုး ကို သူများတွေ ရဲ့ ကျေးကျွန် လုပ်ခိုင်းတာတွေကို နိုင်ငံတော်က သေဒဏ်တောင် ပေးသင့်တယ်.........နောက်လဲ ကိုယ့်လူမျိုး အချင်းချင်း ရိုင်းပင်းကြပါလို့...

Dec 27, 2012 09:27 AM

အမည်မဖော်လိုသူ

ပြင်းပြင်းထန်ထန်ကိုအရေးယူစေချင်တယ်
နောက်နောင်ကိုမဖြစ်အောင်တောပမျှော်လင့်မိပါတယ်လေ။မြန်မာနိုင်ငံကလူကုန်ကူးမှုတားစီးနိမ်နှင်းရေးတွေကိုလက်တွေ့ခေါ်ပြီးတော့ပြလိုက်သင့်တယ်။ဘယ်နေရာတွေကိုရောက်နေတာပါလိမ့်။နိုင်ငံတော်အစိုးရဆီကိုသတင်းပေးလိုက်ပါ။

Dec 26, 2012 10:46 PM