မိမိတို့ဟာ မြန်မာနိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ အသိအမှတ်ပြုပါတယ်။ မြန်မာအစိုးရအနေနဲ့ မြောက်ကိုးရီးယားနဲ့ ဆက်ဆံရေး အဆုံးသတ်တာကို မြင်တွေ့လိုပါတယ်လို့ သမ္မတရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးအရာရှိ Ben Rhodes ကပြောပါတယ်။
မနက်ဖြန် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံကိုရောက်ရှိမယ့် အမေရိကန် သမ္မတအိုဘားမားရဲ့ ခရီးစဉ်နဲ့ပတ်သက်တဲ့ ဝေဖန်သုံးသပ်ချက်တွေ ထဲကတချို့ကို မခက်မာက ကောက်နှုတ်တင်ပြထားပါတယ်။
0:00 / 0:00
