လက်ပန်းတောင်းတောင်ကိစ္စ သံဃာတော်တွေကို သာသနာရေးဝန်ကြီး တောင်းပန်

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ဆန္ဒပြစခန်းတွေ ဖြိုခွဲခဲ့ရာမှာ ရဟန်းသံဃာတွေ ထိခိုက်ဒဏ်ရာရ ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရကိုယ်စား သာသနာရေးဝန်ကြီး သူရဦးမြင့်မောင် က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်တွေ ကို တောင်းပန်လျှောက်ထားတဲ့ အခမ်းအနားတစ်ရပ် မနေ့မနက်ပိုင်း က ကျင်းပခဲ့ပါတယ်။
2012-12-08
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
monk_apologize_305
မုံရွာမြို့ရွှေစည်းခုံဘုရားဝင်းအတွင်း တင်ဝင်းထွန်း ဓမ္မဗိမာန်မှာ ဒီဇင်ဘာလ ၁ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က သံဃာတော်များရဲ့ သြဝါဒခံယူပွဲတစ်ရပ် ကျင်းပနေစဉ်
Photo: RFA

ကမ္ဘာအေးကုန်းမြေ မဟာနာယက ကျောင်းဆောင်မှာကျင်းပတဲ့ အဲဒီတောင်းပန်လျှောက်ထားပွဲမှာ ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး နိုင်ငံတော်အစိုးရအနေနဲ့ အလွန်တရာစိတ်နှလုံးမချမ်းမသာ ဖြစ်ခဲ့ရကြောင်း၊ တာဝန်ယူဆောင်ရွက်ခဲ့ရတဲ့ မိမိတို့အဖွဲ့အစည်းများဘက်မှာလည်း မကျွမ်းမကျင်၊ မသိ နားမလည်မှုတွေရှိနိုင်တဲ့အတွက် ထိခိုက်ဒဏ်ရာရ ဦးပဥင်းများနဲ့ ကိုရင်တွေကို အစိုးရကိုယ်စား အလေးအနက် တောင်းပန်လျှောက်ထားပါကြောင်း သာသနာရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး သူရဦးမြင့်မောင်က လျောက်ထားခဲ့ပါတယ်။

သာသနာရေးဝန်ကြီးရဲ့ လျောက်ထားတောင်းပန်တာနဲ့ပတ်သက်လို့ ရန်ကုန်မြို့က စနေနေ့ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဦးဓမ္မသိရိ က ဝန်ချတောင်းပန်ရမှာက ပြစ်မှုကျူးလွန်သောသူရယ်၊ ပစ်မိန့်ပေးတဲ့သူရယ်၊ ဒီနှစ်ဦးစလုံးက ခံရတဲ့သံဃာတော်တွေကို ကျေနပ်အောင်တောင်းပန်ရမယ့်ဟာကို ဦးဇင်းတို့က လိုချင်တာ၊ ဒါကို သံဃာမဟာနာယကတွေက ရေငုံနှုတ်ပိတ်ပြီးတော့ ဘာတစ်ခုမှတာဝန်ယူ ဖြေရှင်းပေးခြင်း၊ ဖျန်ဖြေပေးခြင်း၊ အရေးယူပေးခြင်းကို သံဃာထုဘက်ကနေ ဘာတစ်ခုမှလုပ်ဆောင်ပေးခြင်း မရှိတဲ့အတွက် ဦးဇင်းတို့က ဒီနေ့ဆန္ဒထုတ်ဖော်ရခြင်းဖြစ်တယ် လို့ မိန့်ကြားခဲ့ပါတယ်။

သာသနာရေးဝန်ကြီးက လျောက်ထားခဲ့ရာမှာတော့ လက်ပံတောင်းအရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေးနားမလည်သေးတဲ့ ဦးပဉ္ဇင်းများနဲ့ ကိုရင်ငယ်တွေမှာ အပြစ်မရှိကြောင်း၊ နိုင်ငံရေး အမြတ်ထုတ်လိုတဲ့ နောက်ကွယ်က မသမာသူတွေရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့်သာ ဒီကိစ္စပေါ်ပေါက်ခဲ့ရတာဖြစ်ကြောင်း လျှောက်ထားခဲ့ပါတယ်။

ကွန်မင့်များ (7)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

(

ခုပြောတဲ့ ဦးဇင်းက မဟန ဆရာတော်ကြီးတွေထက် သက်တော်၊ ၀ါတော်၊ အကျင့်၊သီလ သိက္ခာ ကြီးပါသလား။ ဆရာတော်ကြီးတွေက ပြောသင့်ပြောထိုက်တာ ပြောတာကို၊ သက်ကြီးဝါကြီး ဆရာတော်များ၏ သြ၀ါဒ ကို မထီမဲမြင်ပြုသည်ဟု ထင်ပါသည်။


[ဤမှတ်ချက်အား လွတ်လပ်တဲ့အာရှအသံ၏ အသုံးပြုခွင့် စည်းမျဉ်းစည်းကမ်းများအရ အယ်ဒီတာက တည်းဖြတ်ထားပါသည်။]

Dec 13, 2012 08:16 AM

(

လုပ်ချင်တာလုပ်ပြီးမှတောင်းပန်တဲ့ ကိစ္စကိုတော့မလုပ်သင့်ပါ။ တကယ်လုပ်တဲ့ သူတွေကဘယ်မှာလဲ၊ ဒါမှမဟုတ် ၀န်ကြီးကိုယ်တိုင်က အမိန့် ပေးပြီး တခြားသူတွေကိုလွှဲချတာလာ၊ ဒါမှမဟုတ် ဆရာကြီးတွေကဘဲ နောက်ကနေလူမဆန်စွာ ခိုင်းနေတာလား၊ စဉ်းစားစရာတွေက အများကြီးဘဲဖြစ်နေတယ်။ ခုကိစ္စက အမှန်ပေါ်ဖို့လိုပါတယ်။


[ဤမှတ်ချက်အား လွတ်လပ်တဲ့အာရှအသံ၏ အသုံးပြုခွင့် စည်းမျဉ်းစည်းကမ်းများအရ အယ်ဒီတာက တည်းဖြတ်ထားပါသည်။]

Dec 13, 2012 08:15 AM

Nay LinAung

ခုမှမြန်မာပြည်ကဒီမ်ုကရေစီပဋိသန္ဓေတည်စဘဲရှိသေးတာသားမလျောအောင်ဝိုင်းကြိုးစားဖြေရှင်းကြပါဗျာ။

Dec 11, 2012 10:13 AM

YT

နေရပ်- Yangon

Why U Myint Mg say sorry to Cheif of Sanga.
These Cheif of Sanga were not victims.Actually U Thein Sein should go and see those victims of crack down and should look for their pardon otherwise what U Myint Mg did it nothing to count.
I never trust U Thein Sein.

Dec 11, 2012 03:56 AM

htun

နေရပ်- areyarwaddy

ဘုန်းကြီးခေါင်းခေါက်ပြီးမှကန်တော့ကန်တော့နဲ့ တောင်းပန်တိုင်းရမလား။သမတကိုယ်တိုင်တောင်းပန်ပါ။

Dec 11, 2012 12:17 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.