ကိုမိုးသီးဇွန်နှင့်အဖွဲ့ အမေရိကန် သံအမတ်ကြီးနှင့်တွေ့ဆုံဆွေးနွေး

၈၈ ကျောင်းသား ခေါင်းဆောင်ဟောင်း ကိုမိုးသီးဇွန်နဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်နဲ့ ဒီနေ့မနက်က ရန်ကုန်မြို့မှာ တွေ့ဆုံပြီး ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
2012-09-13
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
moe-thee-zun-press-b305
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃ ရက်က ရန်ကုန်မြို့ ရွှေဂုံတိုင် ယုဇနဟိုတယ်တွင် ဦးမိုးသီးဇွန် ဦးဆောင်သည့်အဖွဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
RFA

ဒီတွေ့ဆုံမှုမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီကျင့်စဉ် ဆိုင်ရာတွေကို ပြည်သူတွေ ကြားမှာရော တပ်မတော်သားတွေ ကြားမှာပါ သင်တန်းပေးဖို့ လိုအပ်တဲ့အကြောင်း ပြောဆို ဖြစ်ကြတယ်လို့ ကိုမိုးသီးဇွန်က RFA ပြောပါတယ်။

"ဒဲရစ်မစ်ချယ်တို့ ကျွန်တော်တို့ ပြောတဲ့ အထဲမှာ စိတ်ဝင်စားစရာတွေက ဘာတွေလဲ ဆိုတော့ ဒီမိုကရေစီပေါ်မှာ သူတို့မှာတာဝန် ဘယ်လိုရှိတယ်ဆိုတဲ့ ကိစ္စတွေကို ဆွေးနွေးပါတယ်။ နောက်တစ်ခုက မြန်မာ့ တပ်မတော်ကို သင်တန်းပေးဖို့ ကိစ္စတွေလည်း ပါပါတယ်။ စစ်သားတွေကလည်း နိုင်ငံသားတွေပေါ်မှာ ဘယ်လို တာဝန်ရှိတယ်။ ဘယ်လိုပူးပေါင်း ဆောင်ရွက်သင့်တယ်ဆိုတဲ့ ဟာမျိုးတွေပေါ့။ သူ့အနေနဲ့ အကြံပေးတယ်ပေါ့။ အဲတာကို နိုင်ငံတကာ သိအောင်ထုတ်ပြန်ပါပေါ့။ ကျွန်တော်တို့ အဲတာမျိုးတွေ ဆွေးနွေးဖြစ်ကြပါတယ်"

သံအမတ်ကြီး ဒဲရစ်မစ်ချယ်ကလည်း ကိုမိုးသီးဇွန်တို့ရဲ့ လေ့လာတွေ့ရှိချက်တွေကို ခရီးစဉ်အပြီး အမေရိကန် ပြည်ထောင်စု ပြန်ရောက်တဲ့အခါ နိုင်ငံတကာသိအောင် ထုတ်ပြန်ဖို့ တိုက်တွန်းတယ်လို့ သိရပါတယ်။

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်