အရင်အစိုးရလက်ထက်က သမ္မတရဲ့ သီးသန့်ရန်ပုံငွေထဲက ကျပ်သန်းပေါင်း နှစ်ထောင်နီးပါး အကုန်အကျခံပြီး လုပ်ကိုင်ခဲ့တဲ့ မိုးကုတ်မြို့လယ်က အင်းကြီး ပြုပြင်ထိန်းသိမ်းမှု မပြီးစီးသေးတာကြောင့် အစိုးရက ဘယ်လိုဆောင် ရွက်ထားသလဲဆိုပြီး မိုးကုတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံကျော် က ပြည်သူ့လွှတ်တော်မှာ မေးမြန်း ခဲ့ပါတယ်။
အခုချိန်ထိ လုပ်ငန်းမပြီးပြတ်တာကြောင့် ရေကြီးရေလျှံတာ၊ လမ်းပျက်စီးတာတွေ ရှိနေတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံကျော်က လွှတ်တော်မှာ အခုလို မေးပါတယ်။
"အင်းကန်ဘောင်ပတ်လည် တချို့နေရာမှာ အင်္ဂတေပိတ်ရန်ကျန်ရှိခြင်း၊ မီးတိုင်များတပ်ဆင်ရန်ကျန်ရှိခြင်း၊ ကန်ပတ်လမ်းပေါ်မှာ ခဲကြမ်းများသာ ခင်းထားတဲ့အတွက် သွားလာရခက်ခဲခြင်း အင်းအနောက်ဘက်ခြမ်း တလျှောက် ရေဆိုးနဲ့မိုးရေများ ထုတ်ပစ်ရန် ရေဆိုးထုတ်မြောင်းမရှိသေးခြင်း၊ အင်းကန်ဘောင်အား အောက်ခြေ ကွန်ကရစ်မပေးဘဲ သစ်သားငုတ်ရိုက်ခါ ဝါးကပ်များဖြင့်သာကာထားခြင်း၊ အင်းကန်ဘောင်ပြုလုပ်ရန်အတွက် အင်းထဲကိုမြေဖို့ကားများဖြင့် မြို့တွင်းကတ္တရာလမ်းတွေကို အသုံးပြုပြီးမှမြေဖို့တဲ့အတွက် ကျနော်တို့ မြို့တွင်း ကတ္တရာလမ်းများ ပျက်စီးခဲ့ပါတယ်၊ အမှိုက်နဲ့ စွန့်ပစ်ပစ္စည်းများ များပြားလာတယ် စတဲ့ဆိုးကျိုးများခံစားနေ ရပါတယ်"
စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက လုပ်ငန်းစီမံချက်ထဲမှာပါတဲ့ ထိန်းသိမ်းရေး လုပ်ငန်းအားလုံးကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ကျန်တဲ့လုပ်ငန်းတွေဟာ မိုးကုတ်မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနက ဆက်လက်ဆောင်ရွက်ရမှာဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။
အင်းပြုပြင်ရေးဟာ မပြီးသေးပေမယ့် အင်းဖွင့်ပွဲအခမ်းအနားကို ပြီးခဲ့တဲ့မေလ ၁၄ရက်နေ့က ကျင်းပခဲ့ပြီး မန္တလေးတိုင်းဝန်ကြီးချုပ်လည်း တက်ရောက်ခဲ့ပါတယ်။
မန္တလေးတိုင်း မိုးကုတ်မြို့လည်က မိုးကုတ်အင်းကို ပြုပြင်ထိန်းသိမ်းဖို့ ပြီးခဲ့တဲ့သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် က ငွေကျပ်သန်း ၂ထောင်နီးပါး အကုန်အကျခံပြီး ပြုပြင်ဖို့ချပေးခဲ့ပေမယ့် လုပ်ငန်းမပြီးတဲ့အတွက် မိုးကုတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံကျော်က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။
လက်ရှိ မိုးကုတ်မြို့က အင်းအခြေအနေနဲ့ အင်းပြုပြင်ဖို့ လုပ်ငန်းမပြီးပြတ်တဲ့ အခြေအနေကို မေးခွန်းမေးမြန်းခဲ့တဲ့ မိုးကုတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံကျော်ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
0:00 / 0:00
