လက်တွေ့အခြေအနေမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေး တန်းတူရပိုင်ခွင့်ဟာ အားနည်းနေသေးတာကြောင့် ဒီမေးခွန်းကို လွှတ်တော်မှာ တင်ပြရတာဖြစ်တယ်လို့ ဒေါ်နန်းဆေအွာက RFA ကိုပြောပါတယ်။
ဒီမေးခွန်းနဲ့ ပတ်သက်လို့ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြန်လည်ဖြေဆိုရာမှာ သတ်မှတ် အရည်အချင်းနဲ့ ပြည့်မီတယ်ဆိုရင် အမျိုးသားဖြစ်စေ၊ အမျိုးသမီး ဖြစ်စေ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူး အဖြစ် ရွေးချယ်ခံပိုင်ခွင့် ရှိတယ်လို့ ပြန်လည် ဖြေဆိုသွားပါတယ်။
လက်ရှိ လွှတ်တော်တွင်း အမျုးိသမီး လွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်းဟာ ၁၂ ရာခိုင်နှုန်းပဲ ရှိပါသေးတယ်။