အဲဒိ ဘုန်းတော်ကြီး ပညာသင်ကျောင်းဟာ ကျောက်ပန်းတောင်းမြို့ပေါ်ကနေ မိုင် (၂၀) လောက်ဝေးတဲ့ ကျွဲကန်-အင်တော ကျေးရွာမှာ တည်ရှိပြီး အလယ်တန်း အထိ ကျောင်းသား (၂၅၀) လောက်ကို နှစ်စဉ် ပညာ သင်ကြား ပေးနေတယ်လို့ သိရပါတယ်။ ပျက်စီး ယိုယွင်းနေတဲ့ ကျောင်းဆောင် ဆောက်လုပ်ဖို့ ရံပုံငွေ လိုအပ်ချက်ကို အစိုးရ အာဏာပိုင်တွေထံ လွန်ခဲ့တဲ့ ငါးနှစ်လောက်က စလို့ အကြိမ်ကြိမ် အကူအညီ တောင်းခံခဲ့ပေမယ့် မရရှိခဲ့ဘူးလို့ သိရပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ မတည်ပေးမှုကြောင့် ကျောင်းဆောင်သစ် ပြန်လည် ဆောက်လုပ်ဖို့ မျှော်လင့် နိုင်ပြီဖြစ်ပြီး၊ စာသင်ကြားမှုတွေ ရပ်ဆိုင်းရမယ့် အခြေအနေက ကင်းဝေးသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည် ရံပုံငွေ မတည် လှူဒါန်းမှုနဲ့ ပတ်သက်လို့ RFA အဖွဲ့သား ကိုကျော်ကျော်အောင်ရဲ့ ဆက်သွယ် တင်ပြချက်ကို နားဆင်နိုင်ကြပါတယ်။
