လက်ကျန် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့အတွက် မြောက်ဒဂုံြမို့နယ် သီရိအောင်မြေ ကျောင်းတိုက်ဆရာတော် ဦးရက္ခဝံသဟာ ဒီနေ့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောကြားခဲ့ပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက် MJN ခန်းမမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ရတာနဲ့ ပတ်သတ်ပြီး ဆရာတော် ဦးရက္ခဝံသက RFAကို အခုလိုမိန့်ပါတယ်။
“နံပါတ် ၁ က မီဒီယာတွေကို ထောင်ထဲမှာနိုင်ငံရေးအကျဉ်းသားတွေ ရှိနေပါတယ်ဆိုတဲ့အချက်ကို မီးမောင်းထိုးပြချင်တယ်၊ နံပါတ် ၂ ကတော့ လုပ်ပိုင်ခွင့်ရှိတဲ့ အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို ဒီနှစ်မကုန်ခင်မှာ အမြန်ဆုံးလွှတ်ပေးနိုင်ဖို့အတွက်ကို ဦးဇင်းတို့ သတင်းစာရှင်းလင်းပွဲလုပ်ရတာပါ”
ဆရာတော် ဦးရက္ခဝံသဟာ ြပီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့ က ရန်ကုန်ြမို့ကနေ မန္တလေး မဟာမြတ်မုနိဘုရားြကီးအထိ တစ်ပါးတည်းလမ်းလျှောက်စဉ် မနေ့က နေပြည်တော်အဝင်မှာ ြမို့နယ် သံဃာ့နာယကအဖွဲ့က သာသနာကတ်ပြားမပါလို့ဆိုြပီး တားဆီးခဲ့ရာမှာ ရန်ကုန်ကို ပြန်ရောက်လာြပီး ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တာပါ။
ဆရာတော် ဦးရက္ခဝံသဟာ သာသာနာကတ်ပြား ပျောက်ဆုံးသွားတဲ့အတွက် ရန်ကုန်မှာ ထောက်ခံစာယူပြီးရင် မန္တလေးမြို့အထိ ပြန်လည်လမ်းလျှောက်မှာ ဖြစ်တယ်လို့ ပြောပါတယ်။