ဆန်ရှားပါးပြတ်လတ်နေတဲ့ ပူတာအိုဒေသကို ဆန်နဲ့ အခြားအခြေခံစားသောက်ကုန်တွေကို တတ်နိုင်သလောက် လေယာဉ်နဲ့ တင်ပို့လှူဒါန်းနိုင်ဖို့အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့ကတည်းက စာတင်ထားခဲ့ရာမှာ ခွင့်ပြုချက်မရတဲ့အတွက် စစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်းတွေကို အခုလိုလှူဒါန်းလိုက်ရတာပါလို့ ဝါးရှောင်ဆရာတော်က RFA ကို အခုလို မိန့်ပါတယ်။
မြစ်ကြီးနားမြို့ ဝန်းသိုဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းကိုဆန်အိတ် ၁၀ အိတ်၊ ဝိုင်းမော်မြို့ သာဂရသရက်တောကျောင်းတိုက်နဲ့ ခတ်ချိုကျေးရွာအလယ်ပိုင်းမှာရှိတဲ့ ကယ်ဆယ်ရေးစခန်း ၂ ခုကို ဆန်အိတ် ၃၀ စီနဲ့၊ ပူတာအိုမြို့နယ်ထဲက ဖန်ခိုင်နဲ့ ဟိုခို ဘုန်းတော်ကြီးကျောင်း ၂ ကျောင်းကို
ငွေကျပ် ၂၁သိန်း လှူဒါန်းးမှာဖြစ်တယ်လို့သိရပါတယ်။
0:00 / 0:00
