ရန်ကုန်မြို့ ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့မှာ သံဃာအပါး ၁ ရာကျော် ဆန္ဒပြ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင် ပန်းဝါခေါ် ရာမူးမြို့က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ မီးရှို့ ဖျက်ဆီးခံရတာကို ဆန့်ကျင်တဲ့ အနေနဲ့ ရန်ကုန်မြို့၊ အင်းလျားလမ်းမှာ ရှိတဲ့ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့မှာ ဗုဒ္ဓဘာသာ သံဃာတော်အပါး ၁ ရာကျော်လောက် ဒီကနေ့ နေ့လည်ပိုင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။
2012-10-05
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
monks_protest_bangladesh-embassy-305
ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပန်းဝါ ခေါ် ရာမူးမြို့တွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ မီးရှို့ ဖျက်ဆီးခံရမှုကို ကန့်ကွက်သည့် အနေဖြင့် ၂ဝ၁၂ အောက်တိုဘာလ ၅ ရက်နေ့က ရန်ကုန်မြို့ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် သံဃာတော်များ ဆန္ဒပြနေစဉ်။
RFA

ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်တဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့က အောင်မြေဗောဓိ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးမဏိသာရက အခုလို တောင်းဆိုခဲ့ပါတယ်။

“ကမ္ဘာမှာနေပြီးတော့ လူသားတိုင်း၊ လူသားတိုင်းဟာ ငြိမ်းချမ်းဖို့ပဲ လိုချင်တာပါ။ ယနေ့ ပြည့်မှီတဲ့ ဗုဒ္ဓဘာသာဝင်တွေကို အကြမ်းဖက်ခြင်း ခံရတယ်၊ ဗုဒ္ဓသာဘာ ကျောင်းကန်ဘုရားတွေ မီးရှို့ခြင်း ခံရတယ်ဆိုတာ ဘယ်လူမျိုး ဘယ်ဘာသာကမှ လက်ခံမှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ အခုလို အကြမ်းဖက်နေတာကို ဘင်္ဂလားဒေ့ရှ် အစိုးရက အမြန်ဆုံး ကာကွယ်ပေးပြီးတော့ ဗုဒ္ဓဘာသာဝင် ကျောင်းများ၊ ဗုဒ္ဓဘာသာဝင်များကို အမြန်ဆုံး ကာကွယ် စောင့်ရှောက်ပါလို့ တောင်းဆိုပါတယ်။ ဦးဇင်းတို့ ကိုယ်တိုင်က မောင်တောမှာ နေပြီးတော့ အကြမ်းဖက်တာတွေကို ကိုယ်တိုင် ခံစားခဲ့ရသည့် အတွက်ကြောင့် ယနေ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ ဦးဇင်းတို့ နိုင်ငံနဲ့ ကပ်နေတဲ့ နယ်စပ်မှာ ဖြစ်နေတဲ့ ပြဿနာကို ဦးဇင်းတို့က ကိုယ်တိုင် သိရသည့်အတွက်ကြောင့် ရန်ကုန်လာပြီး တကူးတက ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့မှာ ဆန္ဒပြရခြင်း ဖြစ်ပါတယ်”

ဆန္ဒပြ သံဃာတော်တွေနဲ့ အတူ ရခိုင်တိုင်းရင်းသားတွေ အပါအဝင် တိုင်းရင်းသား လူမျိုးပေါင်းစုံ ၁ ရာနီးပါးကလည်း ဒီကနေ့ ဆန္ဒပြပွဲမှာ ပါဝင် တောင်းဆိုခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲမှာ ဆန္ဒပြ သံဃာတော်တွေက ဗုဒ္ဓဘာသာကို စော်ကားခြင်းမှ ရပ်တန့်ရေး၊ ဘာသာရေး လွတ်လပ်မှုကို လေးစားရေး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ အပြစ်မဲ့ ဘာသာဝင်များအား သတ်ဖြတ်ခြင်းမှ ရပ်တန့်ရေး၊ မြန်မာနိုင်ငံမှာ OIC ရုံး ဆောက်လုပ်မှာကို လက်မခံရေး… စတဲ့ အချက် ၉ ချက် ပါဝင်တဲ့ ထုတ်ပြန်ချက်တွေကို သံရုံးရှေ့မှာ ဖတ်ကြားခဲ့ပါတယ်။

ကွန်မင့်များ (4)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

mg aung kyaw

နေရပ်- bangkok

(OIC ရုံးအလိုမရှိ)

Oct 09, 2012 01:54 PM

U Kyin Su

နေရပ်- Latha Township

WE NEVER ACCEPT O.I.C OFFICE IN BURMA.


[ဤမှတ်ချက်အား လွတ်လပ်တဲ့အာရှအသံ၏ အသုံးပြုခွင့် စည်းမျဉ်းစည်းကမ်းများအရ အယ်ဒီတာက တည်းဖြတ်ထားပါသည်။]

Oct 08, 2012 02:52 PM

SONS OF BUDDHA

WE NEVER ACCEPT O.I.C OFFICE AT NOBLE MYANMAR FOREVER,
BECAUSE THEY WILL ALSO TRY TO DESTROY TO OUR PAGODA AND
OUR BUDDHISM,U THEIN SEIN YOU NEED TO KNOW,PLEASE.

Oct 06, 2012 03:55 PM

(

Patience is the greatest of all virtues.BUT Patience has its limits. Take it too far, and it's cowardice.

Oct 05, 2012 11:14 PM