အထက်ဗမာပြည် သောသုဇနဘိက္ခူ သံဃာတော်များ ကြေညာချက်ထုတ်

2010-09-03

ပခုက္ကူ သံဃာအရေးအခင်း ၃ နှစ်ပြည့်ချိန်ကစပြီး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနိုင်ရဖို့ ပြင်ဆင်ထားတဲ့ ရွေးကောက်ပွဲကို အကြမ်းမဖက် နည်းမျိုးစုံနဲ့ ဆန့်ကျင်ကန့်ကွက်ကြဖို့ အထက်ဗမာပြည် သောသုဇနဘိက္ခူ သံဃာ့အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

(Photo: AFP)

၂၀ဝ၇ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သော သံဃာနှင့် လူထု လှုပ်ရှားမှုတွင် သပိတ်ကို မှောက်၍ ကိုင်ဆောင် စီတန်းလှည့်လည်ကြသော သံဃာများ ဖြစ်ပါသည်။ (Photo: AFP)

လာမဲ့ စက်တင်ဘာလ ၅ ရက်နေ့ဟာ ရွှေဝါရောင်တော်လှန်ရေးကြီးကို စတင်ဖြစ်ပေါ်စေခဲ့တဲ့ ပခုက္ကူ သံဃာတော် အရေးအခင်း ၃ နှစ်ပြည့် နှစ်ပတ်လည်ဖြစ်ကြောင်း အစချီထားတဲ့ ကြေညာချက်ကို ဦးဆောင် သံဃာတပါးဖြစ်တဲ့ ဦးသောဘိတကအခုလို အမိန့်ရှိပါတယ်။

“၂၀၀၇ ခုနှစ် စက်တင်ဘာ ၅ ရက်၊ ၆ ရက်နေ့များတွင် ပခုက္ကူမြို့၌ ငြိမ်းချမ်းစွာ မေတ္တာပို့ ချီတက်ကြသော သံဃာတော်တို့အား အာဏာပိုင်တို့နှင့် ကြံ့ခိုင်ရေး လူမိုက်များတို့မှ အကြမ်းဖက် ရက်စက်စွာ ချေမှုန်းခဲ့သည်မှာ သုံးနှစ်ပြည့်လုပြီ ဖြစ်သည်။ ယခု သုံးနှစ်ပြည့် အခါသမယတွင် ၎င်း ကြံ့ဖွံ့ လူမိုက်များ၏ ပါတီမှ ဦးဆောင်၍ ပြည်သူလူထုအား ထာဝစဉ် စစ်ကျွန်ဖြစ်မည့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ဖန်တီးလျက်ရှိသည်။”

ဒါ့ကြောင့် သံဃာတော်တွေကို စော်ကားထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ စစ်အာဏာရှင်တွေကို လာမဲ့ ရွေးကောက်ပွဲ မတိုင်မီ အကြမ်းမဖက် နည်းလမ်းပေါင်းစုံနဲ့ စတင် ဆန့်ကျင်သွားကြဖို့ တိုက်တွန်းထားပါတယ်။

“သို့ပါ၍ ညီတော်၊ နောင်တော် သံဃာတော် အရှင်သူမြတ်များမှ ဦးဆောင်၍ ၂၀၀၇ စက်တင်ဘာ သုံးနှစ်ပြည့် ပတ်လည် ၅ ရက် ၆ ရက်မှ စတင်ကာ စစ်အစိုးရအား အကြမ်းမဖက်သည့် နည်းလမ်းမျိုးစုံ သုံး၍ ဆန့်ကျင် ဆန္ဒပြ တိုက်ပွဲဝင်သွားရန် တိုက်တွန်းနှိုးဆော်အပ်သည်။ သောသုဇနသမဂ္ဂ၊ ပခုက္ကူ။”

အထက်ဗမာပြည် သံဃာတော်တွေအနေနဲ့ စစ်အစိုးရ ဆန့်ကျင်ရေး စာရွက်စာတမ်း ဖြန့်ဝေတာကို ဒီကနေ့ စလို့လုပ်ဆောင်မှာ ဖြစ်ြပီး၊ ရရာနည်းလမ်းနဲ့ ဆန္ဒပြ ဆန့်ကျင်သွားမှာ ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

မဲ မသမာမူတွေကို ကိုင်တွယ်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောဆို

NLD ပါတီ ရာနှုန်းပြည့်နိုင်တဲ့ သတင်းထွက်

တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ကို မိတ္ထီလာမှာ တိုက်ခိုက်မှုရှိခဲ့

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥပဒေ ချိုးဖောက်ကြောင်း ကလော အင်န်အယ်ဒီ တိုင်ကြား

မန္တလေးမြို့မှာ အဲန်အယ်လ်ဒီ မဲရုံကိုယ်စားလှယ် ၁၅၈ ဦး ကူညီ

မကွေးတိုင်း ရေစကြိုမြို့နယ် မဲပေးစာရွက် ခြစ်မရ

မြောင်းမြမြို့နယ်မှာ ကျေးရွာကော်မရှင်နဲ့ ကြံ့ခိုင်ရေးပါတီ မဲကြိုကောက်

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်း

ကိုယ်စားလှယ် ကန့်ကွက်လွှာ တင်သွင်းရက် ပြောင်းလဲ

ရွေးကောက်ပွဲရဲ့ တရားမျှတမှုကို ခြိမ်းခြောက်နေ