0:00 / 0:00
သမိုင်းသုတေသီ ဆရာတော်ကို ထောင်ချလိုက်တဲ့ စစ်အစိုးရရဲ့ လုပ်ရပ်ကို ပြည်တွင်းပြည်ပမှာ ရှိတဲ့ မြန်မာ သံဃာ့အဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချလိုက်ကြပါတယ်။ ပြည်တွင်းမှာ လှုပ်ရှားနေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုရဲ့ ပြောခွင့်ရဆရာတော် ဦးဓမ္မသီရိက ရခိုင်သမိုင်းသုတေသီ ဆရာတော်ကို ချက်ချင်း ပြန်လွှတ်ပေးဖို့ စစ်အစိုးရကို တောင်းဆိုလိုက် ပါတယ်။
ဆရာတော် ဦးပညာစာရနဲ့အတူ တကျောင်းတည်း သီတင်းသုံး နေထိုင်ခဲ့ဖူးတဲ့ ပြည်ပအခြေစိုက် အကြီးဆုံး မြန်မာသံဃာ့အဖွဲ့အစည်း ဖြစ်တဲ့ သာသနာ့ဦးသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ရဲ့ အတွင်းရေးမှူး အမေရိကန် ကိုလံဘီယာတက္ကသိုလ်က ရခိုင်အမျိုးသား သမိုင်းပါမောက္ခ ဒေါက်တာ နာယကကို RFA မှ ကိုကျော်ကျော်အောင် ဆက်သွယ်လျှောက်ထား မေးမြန်းထားပါတယ်။