နေပြည်တော်မှာ ရှိတဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန သံတမန် ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်ကို RFA က ဆက်သွယ်ခဲ့ရာမှာ ဦးကျော်ကျော် မရှိကြောင်း၊ ကျန်အမှုထမ်းတွေ အနေနဲ့ လည်း ယခု ကိစ္စကို မသိရှိကြောင်း တယ်လီဖုန်း ဖြေဆိုသူ ဝန်ထမ်း အမျိုးသမီး တဦးက ပြောပါတယ်။
ဒီအတောအတွင်း သမ္မတ ဦးသိန်းစိန် အစိုးရ အပေါ် အယုံအကြည် ကင်းမဲ့ပြီး ဒီမိုကရေစီ အင်အားစုတွေဘက်ကို ကူးပြောင်းဖို့ ဆုံးဖြတ်လိုက်တဲ့ သံမှူးကြီး ဦးကျော်ဝင်းရဲ့လုပ်ရပ်ကို ပြည်တွင်း ပြည်ပမှာ နိုင်ငံရေး လှုပ်ရှားနေတဲ့ ခေါင်းဆောင်တွေက ဆက်လက်ပြီး ထောက်ခံ ကြိုဆိုနေကြ ပါတယ်။
နယူးဇီလန် အခြေစိုက် Burma Campaign New Zealand အဖွဲ့က ဦးနိုင်ကိုကိုက မြန်မာစစ် အစိုးရ အဆက်ဆက် ကျင့်သုံးခဲ့တဲ့ နိုင်ငံခြားရေး မူဝါဒတွေနဲ့ ပတ်သက်လို့ အတွေ့အကြုံ နှစ် ၃၀ ကျော်ရှိတဲ့ သံမှူးကြီးဟောင်း ဦးကျော်ဝင်းကို နယူးဇီလန်နဲ့ သြစတြေးလျက တက္ကသိုလ်တွေမှာ ဟောပြော ပို့ချနိုင်အောင် ဖိတ်ခေါ်လိုကြောင်း ပြောပါတယ်။
ဒီအကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင် စုစည်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။
