မင်းပြားနဲ့ မြောက်ဦးမြို့နယ်တွေမှာ အကြမ်းဖက်မှုဖြစ်ပွား

ရခိုင်ပြည်နယ် မင်းပြား နဲ့ မြောက်ဦးမြို့နယ်တွေမှာ ရခိုင်တိုင်းရင်းသားတွေ နဲ့ ရိုဟင်ဂျာတွေ အကြား ပဋိပက္ခတွေဖြစ်ပြီး အပြန်အလှန်မီးရှို့မှုတွေ ဖြစ်ခဲ့ပါတယ်။
2012-10-22
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
sittwe-riot3-b305
၂၀၁၂ ခုနှစ် ဇွန်လက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် ပဋိပက္ခကြောင့် ပျက်စီးနေသည့် အိုးအိမ်များကိုတွေ့ရပုံ။
RFA

မင်းပြားမြို့နယ် ပိုက်သည်ရွာမှာ မနေ့က ည ၁၀ နာရီလောက်မှာ နှစ်ဖက် ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီး နေအိမ်မီးရှို့အကြမ်းဖက်မှုတွေဖြစ်ခဲ့တာပါ။ အလားတူ ဒီကနေ့မနက်ပိုင်းမှာလည်း မင်းပြားမြို့နယ် သရက်အုပ်ကျေးရွာ နဲ့ မြောက်ဦးမြို့နယ် ပရိန်ကုန်းကျေးရွာတွေ မှာနေအိမ်မီးရှို့အကြမ်းဖက်မှု တွေ ဖြစ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းပြောတာက အဲဒီအကြမ်းဖက်မှုဖြစ်တဲ့ ကျေးရွာတွေမှာ နေအိမ် အလုံးရေ ၃၀၀ ပတ်ဝန်းကျင် မီးလောင်ကျွမ်းခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် သေဆုံးသူ ၃ ဦးလောက်ရှိတယ်လို့ပြောပါတယ်။ ရခိုင်ပြည်နယ် လွှတ်တော်အမတ် ၂ ဦးကို သက်ဆိုင်ရာ အုပ်ချုပ်ရေး မြို့မိမြို့ဖတွေ အပြင် ဒေသခံတွေနဲ့ပါ တွေ့ဆုံဆွေးနွေးပြီး အခြေအနေ ထိမ်းသိန်းနိုင်အောင် စေလွှတ်ထားတယ်လို့ ပြောပါတယ်။

တကယ်လို့ အခြေအနေ ထိမ်းသိန်းဖို့ ခက်ခဲရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းက စစ်တပ်ကို အကူအညီတောင်းခံဖို့ကိုပါ ညွှန်ကြားထားကြောင်း သိရပါတယ်။

လက်ရှိအခြေအနေတွေအရ မြောက်ဦးမြို့နယ် ပရိန်ကုန်းကျေးရွာ တစ်ဝိုက်မှာ နှစ်ဘက်တင်းမာမှုတွေ ဆက်လက်ရှိနေဆဲဖြစ်ပြီင်္း လုံခြုံရေးအင်အားတွေလည်း တိုးချဲ့ချထားတယ်လို့သိရပါတယ်။

မြောက်ဦး နဲ့မင်းပြားမြို့နယ်တွေမှာ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် (ည ၇ နာရီကနေ နံနက် ၅ နာရီအထိ) ထုတ်ပြန်ထားလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

က

နေရပ်-

အမေစုဘာလုပ်နေလဲ

Oct 24, 2012 08:43 AM

အမည်မဖော်လိုသူ

successive Myanmar governments have poisoned the united, peaceful coexistence and now the people are divided with animosity. The governments have full responsibility for such tragedies. But we sincerely hope and wish that the present government would do it best for love and respect each other in our civilized society and protect its people being misused & manipulated. "If there is a wish, there is a way"

Oct 23, 2012 11:48 AM

maung maung

နေရပ်- thingangyun

့ရိုဟင်ဂျာလူနည်းစုတွေကို ခင်ဗျားတို့ စစ်တပ်က မကာကွယ်နိုင်ဘူးလားးးးးး အင်းပေါ့လေ ဟုတ်မှာပါ....
စစ်တပ်ဆိုတာ တရားမျှတမှုမှ မရှိတာပဲလေ

Oct 23, 2012 09:55 AM

ရခိုင်သား

နေရပ်- စစ်တွေ

ရိုဟင်ဂျာ ဟုသုံးစွဲခြင်းမပြုပါရန်၊ ဘင်္ဂလီ ဟုသာလျှင်သုံးစွဲပေးပါရန်၊

Oct 23, 2012 08:02 AM

အမည်မဖော်လိုသူ

There are no ethnic minority group called Rohinja in Myanmar. You should also respect our People.

Oct 23, 2012 06:52 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.