ချီတက်ဆန္ဒပြနေကတဲ့ ရွှေလုပ်သားတွေထဲက အဖမ်းခံရသူတွေကတော့ ကိုနေအောင်ထက်၊ ကိုရဲရင့်ထွန်း၊ ကိုနိုင်ဝင်းနဲ့ ကိုစောနောင်တို့ ဖြစ်ပါတယ်။
မိုးထိမိုးမိ ရွှေလုပ်သားတွေဟာ နိုဝင်ဘာလ ၈ရက်နေ့ နေ့လည် ၁နာရီက ရန်ကုန်မြို့ကနေ မိုင် ၂၇ဝ လောက် အကွာအဝေးရှိတဲ့ နေပြည်တော်ကို ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြရာ နိုဝင်ဘာလ ၁၈ရက်နေ့မှာတော့ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့ကို ရောက်ရှိပြီး အာဏာပိုင်တွေရဲ့တားဆီးခြင်းကို ခံခဲ့ရတာဖြစ်တယ်လို့ အခု ဖမ်းဆီးခံခဲ့ရတဲ့ ကိုရဲရင့်ထွန်းရဲ့အမျိုးသမီး မအိမွန်ကျော်က RFA ကို ပြောပါတယ်။
အခုလက်ရှိ ချီတက်ဆန္ဒပြနေကြတဲ့ မိုးထိမိုးမိ ရွှေလုပ်သား ၆၅ ယောက်ဟာ ရေတာရှည်မြို့ သီရိမင်္ဂလာတောရကျောင်းကနေ နေပြည်တော်ကို ဆက်လက်ချီတက်နေပြီး အဲဒီရောက်ရင် သတ္တုတွင်းဝန်ကြီးဌာနရုံး၊ လွှတ်တော်ရုံးတွေမှာ ရွှေလုပ်သားတွေ လိုချင်တဲ့အခွင့်အရေးတွေကို ဆန္ဒပြတောင်းဆိုဖို့အပြင် သမ္မတဦးသိန်းစိန်ရဲ့ အိမ်တော်မှာလည်း တောင်းဆိုဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
နေပြည်တော်ကို ချီတက်နေတဲ့ မိုးထိမိုးမိ ရွှေလုပ်သားတွေထဲက ကိုအောင်ကိုဦးကို RFA သတင်းထောက် မသူဇာက ဆက်သွယ်မေးမြန်းထားပါတယ်။
| ကိုအောင်ကိုဦး အသံဖိုင်နားထောင်ရန် |
|
| အသံဖိုင်ယူရန်။ |