ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့က ရှမ်းပြည်နယ် မူဆယ် ၁၀၅ မိုင်စစ်ဆေးရေးဂိတ်မှာ အရှိန်နဲ့ ဖြတ်မောင်း တဲ့ မော်တော်ကားတစ်စီးကို လုံခြုံရေးတပ်ဖွဲ့တွေက တားမြစ်ပစ်ခတ်ရာမှာ ကားမောင်းသူ ၁ ဦးသေဆုံးပြီး၊ အစိုးရအကောက်ခွန်ဝန်ထမ်း ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
မူဆယ် ၁၀၅ မိုင်ဂိတ်ကို အရှိန်နဲ့မောင်းနှင်လာ တဲ့ မော်တော်ကားကို ရပ်တန့်စစ်ဆေးဖို့ ရဲတပ်ဖွဲ့ဝင်တွေ က ကြိုးစားတဲ့အချိန်မှာ မော်တော်ကားက အရှိန်မြှင့်မောင်းပြေးတဲ့အတွက် ပစ်ခတ်မှု ဖြစ်ပွား ရတာဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် လုံခြုံရေးဌာနက ဒုတိယရဲမှူးကြီးမင်းအောင်က RFA ကို ပြောပါတယ်။
သေနတ်နဲ့ပစ်ခတ်တဲ့ အမှတ် (၁၂၉) ခြေလျင်တပ်ရင်းက တပ်သားဦးထွန်းလှကိုလည်း အမှုဖွင့်အရေးယူထားပြီး၊ ဒဏ်ရာရသူတွေကို မန္တလေးဆေးရုံကြီးမှာ တင်ပို့ထားတယ်လို့ သိရပါတယ်။
တရုတ်- မြန်မာနယ်စပ ်ကုန်သွယ်ရေးဂိတ်တွေမှာ အစိုးရစစ်တပ်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်အဖွဲ့တွေ ပူးပေါင်းတာဝန်ယူထားတာ ဖြစ်ပါတယ်။