မြန်မာသတင်းလောက တိုးတက်လာကြောင်း Freedom House ဆို

0:00 / 0:00

အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီ မြို့တော်အခြေစိုက် Freedom House ကမ္ဘာ့လွတ်လပ်မှုစောင့်ကြည့်ရေးအဖွဲ့က ၂ဝ၁၃ ခုနှစ်အတွက် နိုင်ငံတကာမီဒီယာသတင်းလောက လွတ်လပ်မှုအစီရင်ခံစာကို မနေ့က ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံရဲ့ သတင်းလောကဟာ ပြီးခဲ့တဲ့နှစ်အတွင်း အထူးတိုးတက်လာခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

Freedom House အဖွဲ့ရဲ့ အစီရင်ခံစာမှာ အကျဉ်းကျစာနယ်ဇင်းသမားတွေပြန်လွတ်လာမှု၊ စာပေစိစစ်ရေးဖျက်သိမ်းမှု၊ နိုင်ငံတကာမီဒီယာအဖွဲ့အစည်းတွေ ပြည်တွင်း ဝင်ရောက်ခွင့်ပြုမှု နဲ့ ဧပြီလကစပြီး ပုဂ္ဂလိက သတင်းစာတွေထုတ်ဝေခွင့်ပြုမှုစတာတွေကို တိုးတက်မှုအဖြစ် ဖေါ်ပြထားပါတယ်။

တပြိုင်နက်မှာ မီဒီယာလောက လွတ်လပ်မှုကို ထိခိုက်ချုပ်ချယ်တဲ့ ဥပဒေတွေလည်း ရှိနေဆဲဖြစ်ကြောင်း၊ ပြီးခဲ့တဲ့နှစ်အတွင်း ဂျာနယ်တချို့ကို အစိုးရဌာနတွေက တရားစွဲခဲ့သလို ပုံနှိပ်ထုတ်ဝေရေးဥပဒေမူကြမ်း ရေးဆွဲရာမှာလည်း စာနယ်ဇင်းအဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေးခဲ့ခြင်း မရှိကြောင်းနဲ့ အစိုးရပိုင်ရေဒီယိုတွေ ရုပ်မြင်သံကြားတွေရှိလင့်ကစား မြန်မာပြည်သူလူထုဟာ RFA, DVB, VOA စတဲ့ပြည်ပ အသံလွှင့်ဌာနတွေကို နှစ်ခြိုက်စွာ နားဆင်နေကြဆဲဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

Freedom House အဖွဲ့ရဲ့ မြန်မာပြည်ဆိုင်ရာအစီရင်ခံစာပါ အချက်အလက်တွေအကြောင်း ဦးခင်မောင်စိုး က အကျယ်တဝင့်တင်ပြထားတဲ့ ဆောင်းပါးကို တဆက်တည်း နားဆင်နိုင်ပါတယ်။