မြန်မာ၊ ဟွန်ဒူးရပ်စ်နဲ့ ဟေတီနိုင်ငံတွေဟာ ရာသီဥတုဒဏ် အပြင်းထန်ဆုံးကြုံရတဲ့ ထိပ်ဆုံးနိုင်ငံတွေစာရင်းမှာ ပါရှိတယ်လို့ ဂျာမနီနိုင်ငံ ဘွန်းမြို့အခြေစိုက် ဖွံ့ဖြိုးရေးနဲ့ သဘာဝပတ်ဝန်းကျင်ရေးရာ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Germanwatch က ပြောကြားလိုက်ပါတယ်။
၂၁၀၁၆ ခုနှစ်အတွက် ကမ္ဘာ့ရာသီဥတုဆိုင်ရာ အန္တရယ်ညွှန်းကိန်းမှာ ဖော်ပြထားတာဖြစ်ပြီး အနှစ်နှစ်ဆယ်အတွင်း မုန်တိုင်းတွေတိုက်၊ ရေတွေကြီး၊ မြေတွေပြို၊ မိုးခေါင်ရေရှားတဲ့အတွက် ဒီနိုင်ငံတွေမှာ လူငါးသိန်းကျော်နီးပါး သေဆုံးရတယ်လို့ ရာသီဥတုရေးရာ လေ့လာသူတွေက ပြောကြားလိုက်တာပါ။
ကမ္ဘာမြေကြီး အပူလွန်နေတာကို မထိန်းနိုင်ရင် သဘာဝဘေးအန္တရာယ်တွေ ဒီ့ထက်မက ပိုဖြစ်ပွားလာမယ်လို့လည်း သတိပေးပါတယ်။
မြန်မာ၊ ဟွန်ဒူးရပ်စ်နဲ့ ဟေတီနိုင်ငံတွေပြီးရင် ဖိလစ်ပိုင်၊ နီကာဂွာရား၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်။ ပါကစ္စတန်၊ ထိုင်းနဲ့ ဂွာတီမာလာနိုင်ငံတွေဟာ ရာသီဥတု အဆိုးဝါးဆုံးကြုံတွေ့ရတယ်လို့ ဖော်ပြပါတယ်။
